Infinity Ring ဟာ အနောက်နိုင်ငံတွေက သမီးရည်းစား စုံတွဲတွေကြား ရေပန်းစားတဲ့ လက်စွပ်ပုံစံတမျိုး ဖြစ်ပါတယ်။ ဒီလက်စွပ် ပုံသဏ္ဍာန်ဟာ အစအဆုံး မရှိလို့ ဆိုလိုတာကြောင့် သမီးရည်းစားတွေဟာ သူတို့ရဲ့ အချစ်ကို ဖော်ကျူးတဲ့ နေရာမှာ သုံးလေ့ ရှိကြတာပါ။ အင်္ဂလိပ် အက္ခရာ 8 ကို အလျားလိုက် ပုံစံဖြစ်တဲ့ ဒီလက်စွပ်ဟာ “ရှေ့ဆက်သွားကြမယ်”ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။
Infinity သင်္ကေတဟာ Lemniscate လို့ ခေါ်တဲ့ သင်္ချာဆိုင်ရာ သင်္ကေတတခုဖြစ်ပြီး ဒီသင်္ကေတကို ပထမဆုံး မိတ်ဆက်ခဲ့သူကတော့ သင်္ချာပညာရှင် ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်တဲ့ John Wallis ဆိုသူ ဖြစ်ပါတယ်။ သင်္ချာပညာရပ်မှာ အဲဒီလို Infinity သင်္ကေတကို မိတ်ဆက်ပြီးနောက် သူဟာ ၁၆၄၀ ကျော်ခုနှစ်များက ဘုရင့်အမှုတော်ကို ထမ်းဆောင်ခဲ့ရပါတယ်။
ရှေးဟောင်းဘာသာစကားတခုမှာ Ouroboros လို့ ခေါ်တဲ့ Infinty သင်္ကေတနဲ့ ဆင်တူတဲ့ သင်္ကေတရှိနေပြီး အဲဒီဘာသာမှာတော့ မြွေတကောင်ဟာ သူ့အမြှီးကို ပြန်ပြီး စားနေတဲ့ပုံနဲ့ ရှိနေတာဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ရေပန်းစားလာတဲ့ Infinity သင်္ကေတဒီဇိုင်းကို ၁၈၀၀ ပြည့်နှစ်များက ကနေဒါမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာ အလံအဖြစ် အသုံးပြုခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာလည်း အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။
သမီးရည်းစားချစ်သူတွေ အနေနဲ့ အဲဒီ Infinity သင်္ကေတကို အချစ်သင်္ကေတ အဖြစ် တက်တူးထိုးကြတာကိုလည်း တွေ့ရပြီး အမျိုးသားရော အမျိုးသမီးပါ အချစ်ကို အဓွန့်ရှည်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုးလေ့ ရှိကြပါတယ်။
Infinity သင်္ကေတ လက်စွပ်ကိုတော့ ချစ်သူတွေဟာ သူတို့ရဲ့ အချစ်တွေ ထာဝရ ခိုင်မြဲနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝတ်လေ့ရှိတာကို တွေ့ရပါတယ်။ နိုင်ငံရပ်ခြားတွေမှာတော့ အမျိုးသားတွေဟာ Infinity Ring နဲ့ Promise Ring လို့ အမည်ရတဲ့ လက်စွပ်ပုံစံ ၂ခုကို ပေါင်းစည်းပြီး ချစ်သူကို လက်ထပ်ခွင့်တောင်းလေ့ ရှိကြပါတယ်။
Ref; pinterest, Wallis, John, zales
You may also like these stories:
ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားတဲ့ ကမ္ဘာ့အသက်အကြီးဆုံးစုံတွဲ
ချစ်သူသက်တမ်းအလိုက် ဗယ်လင်တိုင်းလက်ဆောင်ကို ဘယ်လို ရွေးချယ်သင့်လဲ