အသက် ၇ နှစ်သာရှိသေးတဲ့ Olly Spencer ဆိုတဲ့ကောင်လေးဟာ သူတက်နေတဲ့ ကျောင်းက ကင်ဆာဖြစ်နေပြီး ဆံပင်တွေ မရှိတော့တဲ့ သူငယ်ချင်းဖြစ်သူ Tommy ကို အဖော်လုပ်ပေးဖို့ သူ့ဆုံးဖြတ်ချက်နဲ့သူ ခေါင်းတုံး (ကတုံး) တုံးလိုက်တာပါ။
သာမန်အားဖြင့်တော့ ကလေးတယောက် ခေါင်းတုံး တုံးတဲ့ကိစ္စဟာ ထူးထူးဆန်းဆန်း မဟုတ်ပေမယ့် သူ့ရဲ့ သူငယ်ချင်းဖြစ်သူအပေါ် တန်ဖိုးထားငဲ့ညှာတဲ့ စိတ်ဓာတ်လေးကြောင့် Olly ဟာ လူအများရဲ့ချစ်ခင်လေးစားမှုကို ဆိုရှယ်မီဒီယာတွေမှာရော ပြင်ပမှာပါ ရရှိနေတာပါ။
ကင်ဆာရောဂါ ဝေဒနာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ Tommy ဟာ ကျောင်းမှာတော့ လူအများကြားမှာ သူတယောက်တည်း ခေါင်းတုံး ဆံပင်နဲ့ အထီးကျန်နေတာလည်း ဖြစ်ပါတယ်။ ဒါကို သတိထားမိသွားတဲ့ Olly ဟာ သူငယ်ချင်းဖြစ်သူ အထီးမကျန်ရအောင် သူပါလိုက်လံပြီး ခေါင်းတုံး တုံးလိုက်တာပါ။ သူ့ရဲ့ ကိုယ်ပိုင်ဆုံံးဖြတ်ချက်နဲ့ ဒီလုပ်ရပ်ကြောင့် ကျောင်းက ဆရာ၊ ဆရာမတွေပါ အံ့အားသင့်ခဲ့ရသလို မိဘဖြစ်သူတွေကပါ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။
သူ့ကို ဒီလိုလုပ်ရပ်နဲ့ ပတ်သက်ပြီး မီဒီယာတွေက မေးမြန်းခဲ့တဲ့အခါ Olly က “အခုဆိုရင် အတန်းထဲမှာ Tommy က တယောက်တည်း အထီးကျန် မနေတော့ပါဘူး၊ ကျနော်လည်း သူ့လို ခေါင်းတုံး ဆံပင်ဖြစ်သွားတာကြောင့် အဖော်ရှိ သွားပါပြီ။ ကင်ဆာရောဂါသည်တွေကို ကုသပေးတဲ့ ဆေးရုံလို နေရာမျိုးတွေမှာ လှူဒါန်းနိုင်ဖို့လည်း ပိုက်ဆံစုနေပါတယ်”လို့ ဖြေကြားသွားခဲ့ပါတယ်။
Olly ရဲ့သူငယ်ချင်းဖြစ်သူTommy ဟာ သွေးကင်ဆာဝေဒနာကို ခံစားနေရတာဖြစ်ပြီး ဆေးကုသမှုတွေ ခံယူနေရာတာလည်းဖြစ်ပါတယ်။ Olly ရဲ့မိခင်ဖြစ်သူကလည်း မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားသွားပါသေးတယ်။
“Tommy က Olly တက်တဲ့ကျောင်းကို စပြောင်းပြောင်းချင်းတည်းက Olly က သူ့ကို စိတ်ဝင်စားတယ်၊ သနားလည်း သနားနေတာပေါ့။ တယောက်တည်း အမြဲအထီးကျန်နေတဲ့ Tommy ကို အဖော်လုပ်ပေးဖို့ သူအမြဲဆန္ဒရှိနေတာကို ဖွင့်ပြောတယ်။ ဒီလိုလုပ်လိမ့်မယ်တော့ မထင်ဘူးပေါ့။ သူ့မှာ အဲ့ဒီလို အတွေးမျိုးလေးရှိလို့လည်း ကျမတို့ မိဘတွေအနေနဲ့ သိပ်ကိုဝမ်းမြောက်ရပါတယ်”လို့ ဖြေကြားသွားခဲ့ပါတယ်။
Ref. moon-child.net
You may also like these stories:
ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားတဲ့ ကမ္ဘာ့အသက်အကြီးဆုံးစုံတွဲ
အသက် ၉ နှစ်မှာ တက္ကသိုလ်က ဘွဲ့ရတော့မယ့် ဉာဏ်ကြီးရှင် ဘယ်လ်ဂျီယံနိုင်ငံသားလေး