Trend

ရက် ၂၀ အတွင်း ကိုရီးယားနိုင်ငံမှာ မိသားစုလိုက် ကိုယ့်ကိုယ်ကို သတ်သေမှု ၃ မှု ဖြစ်ပွားခဲ့

Want create site? Find Free WordPress Themes and plugins.

ရက် ၂၀ အတွင်း မိသားစု ၃ စု ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေဟာ ကိုရီးယားနိုင်ငံရဲ့သတ်သေမှု ပြဿနာကို အချက်ပေးလိုက်သလိုပါပဲ။ နိုဝင်ဘာ ၂၀ ရက်က အင်ချွန်းမှာရှိတဲ့ လူနေတိုက်ခန်းမှာ အမျိုးသမီးတဦး အပါအဝင် လူ ၄ ဦး ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ ရဲစခန်းက အတည်ပြုပြောကြားခဲ့ပါတယ်။

ဒါဟာ နိုဝင်ဘာလအတွင်း တတိယမြောက် မိသားစုလိုက် သတ်သေမှုတခုပါ။ မီးသတ်ဌာနမှ တာဝန်ရှိသူ တွေဟာ နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ လောက်က အင်ချွန်းရှိ အငှားတိုက်ခန်းမှာ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး၊ အသက် ၂၃ နှစ်အရွယ် သားဖြစ်သူ၊ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးနေတာကို တွေ့ခဲ့ရတဲ့အပြင် သမီးရဲ့သူငယ်ချင်း အလောင်းကိုပါ တွေ့ခဲ့ရတယ်လို့ Incheon Gyeyang ရဲဌာနက ဆိုပါတယ်။

တိုက်ခန်းအတွင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေအပြင် သေတမ်းစာ ၄ စောင်ကိုပါ ရှာဖွေ့တွေ့ရှိခဲ့ပြီး မိသားစု ငွေကြေးပြဿနာတွေ ရှိခဲ့တာကြောင့် သေကြောင်းကြံစည်ခဲ့တာဆိုပြီး ရေးသားထားခဲ့ပါတယ်။

စစ်ဆေးရေးမှူးတွေရဲ့ စုံစမ်းမှုအရ အဆိုပါမိသားစုဟာ အောက်တိုဘာလတည်းက မိခင်ဖြစ်သူ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီးနောက်ပိုင်း အစိုးရထောက်ပံ့ငွေနဲ့ ဆက်လက် ရပ်တည်နေခဲ့တာလို့ ဆိုပါတယ်။ ဒါ့ပြင် အစိုးရ အခွန်ငွေနဲ့ ဆောင်ရမယ့် အခွန်အခတွေကိုပါ ပေးဆောင်ထားခြင်း မရှိခဲ့ပါဘူး။

နိုဝင်ဘာ ၆ ရက်ကလည်း အသက် ၅၇ နှစ်အရွယ် အမျိုးသားတဦးဟာ အသက် ၃ နှစ်နဲ့ အသက် ၅ နှစ်အရွယ် သားနှစ်ယောက်နဲ့ အတူတူ Yangju ရှိ ပါကင်မှာ ရပ်ထားတဲ့ကားအတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ မသေဆုံးခင်မှာ အမျိုးတွေဆီ ပေးပို့ထားတဲ့ စာအရ ငွေကြေးပြဿနာ အခက်အခဲကြောင့် သတ်သေခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက်ကလည်း အသက် ၇၀ အရွယ် အမေဖြစ်သူနဲ့ အသက် ၄၀ ဝန်းကျင် သမီး ၃ ယောက်လည်း ဆိုးလ်မြို့အနောက်ပိုင်း Seongbuk မှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြပါတယ်။ အိမ်ရဲ့စာတိုက်ပုံးထဲမှာ အခွန် မဆောင်ထားတဲ့ ဘေလ်စာရွက်တွေအပြင် အိမ်ငှားခ ၃ လစာပါ မပေးထားဘူးလို့ ဆိုပါတယ်။

“မိသားစု တော်တော်များများက ငွေကြေး အခက်အခဲ ဖြစ်လာပြီဆိုရင် အစိုးရက ထောက်ပံ့ပေးတယ်ဆိုတာ မသိကြတော့ ကိုယ့်ကိုယ်ကို အဆုံး စီရင်လိုက်ကြတာ များပါတယ်။ တကယ်တော့ လက်ရှိအစိုးရကနေ ငွေကြေး မပြေလည်သူတွေကို လိုအပ်တဲ့ အထောက်အပံ့တွေ ပေးနေသလို အလုပ်အကိုင်အခွင့်လမ်းတွေလည်း ဖော်ဆောင်ပေးနေပါတယ်”လို့ ဂျေဂျူးအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ လီဆန်းယီက ဆိုပါတယ်။

Ref: The Korea Herald

You may also like these stories:

ကမ္ဘာတဝှမ်းမှာ တနှစ်တခြား ပိုတိုးလာတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ 

ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနှုန်း ဒုတိယ အများဆုံးဖြစ်တဲ့ တောင်ကိုရီးယား

Did you find apk for android? You can find new Free Android Games and apps.
Loading