Trend

အီဂျစ်မှာ တူးဖော်ရရှိတဲ့ တိရစ္ဆာန် မံမီရုပ်များကို ထုတ်ဖော်ပြသ

Want create site? Find Free WordPress Themes and plugins.

အီဂျစ်မှာ မကြာသေးခင်က ခြင်္သေ့ပေါက် ၅ ကောင်ရဲ့ မံမီရုပ်ထု အပါအဝင် အခြား တိရစ္ဆာန်တွေရဲ့ မံမီရုပ်တွေကို တူးဖော်ရရှိခဲ့ပြီး နိုဝင်ဘာလ ၁၃ရက်နေ့က အများပြည်သူကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိရစ္ဆာန် မံမီရုပ်တွေထဲမှာ ခြင်္သေ့ပေါက်၊ ကြောင်နဲ့ မိကျောင်းတို့ ပါဝင်ပါတယ်။ သစ်သား၊ ကြေးတွေနဲ့ ထုလုပ်ထားတဲ့ တိရစ္ဆာန်မံမီရုပ် ၇၅ ရုပ်ကို ကိုင်ရိုမြို့မှာ ရှိတဲ့ ဂီဇာပိရမစ်အနားက Saqqara သင်္ချိုင်းအဝိုင်းအတွင်းမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

မြင်တွေ့နေကျ ကြောင်ပုံ မံမီရုပ်များနဲ့ မတူတဲ့ ခြင်္သေ့ရုပ် မံမီတွေကို တွေ့ရှိတာဟာ ရှားပါးဖြစ်ရပ်ဖြစ်တယ်လို့ သိရပါတယ်။ “ဒီရှာဖွေတွေ့ရှိမှုက ပြတိုက်တခုကို ရှာဖွေတွေ့ရှိသလိုပဲ။ အရမ်းတန်ဖိုးကြီးတယ်”လို့ အီဂျစ်ရှေးဟောင်းဝန်ကြီးဌာန ဝန်ကြီးက ပြောပါတယ်။

ဒီတွေ့ရှိမှုမှာ ခြင်္သေ့ရုပ်မံမီများ၊ ကျပ်စည်းထားသော ကြောင်ရုပ် မံမီများ၊ မြွေဟောက်များ၊ မိကျောင်းများနဲ့ ရှေးဟောင်း အီဂျစ် ပိတုန်းများ ပါဝင်တယ်လို့ သိရပါတယ်။ ဒီ မံမီရုပ်ထုတွေကို Bastet Temple ဘုရားကျောင်း ခြေရင်းမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အီဂျစ်ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိမှာ မံမီရုပ်တွေကို ပြသနေတဲ့ Saqqara သင်္ချိုင်းဟာ ခရစ်တော် မပေါ်မီ နှစ် ၂၀၀၀ ခန့်က အီဂျစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတဲ့ နေရာဖြစ်ပြီး အခုအချိန်မှာ UNESCO က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့နေရာ ဖြစ်ပါတယ်။

Ref; BBC,The Guardian

You may also like these stories:

ကမ္ဘာ့ပထမဆုံး မအင်္ဂါပြတိုက်ကို လန်ဒန်မှာ ဖွင့်လှစ်

မာယာလူမျိုးတွေရဲ့ နတ်ဘုရားရုပ်ထုဟာ Batman ရဲ့ ဦးခေါင်းပုံစံနဲ့ တူနေ

လူလုပ် သစ်တောတခု ထည့်သွင်း တည်ဆောက်မယ့် အီဂျစ်နိုင်ငံက အဆောက်အဦ

Did you find apk for android? You can find new Free Android Games and apps.
Loading