ကလေးသူငယ် အပြာရုပ်ရှင်တွေကို ဖြန့်ချိနေတဲ့ ဝက်ဘ်ဆိုက်တခုက ဦးဆောင်သူကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၄နှစ်အရွယ် Korakot Chulthong ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှိတဲ့ Muang စီရင်စုအတွင်းက Thung Hotel လမ်းမှာ ရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Korakot Chulthong ဟာ ထိုင်းနိုင်ငံက ကလေးငယ်တွေနဲ့ နိုင်ငံတကာက ကလေးငယ်ရဲ့ လိင်ပိုင်းဆိုင်ရာ ရုပ်ရှင်တွေကို ရောင်းချနေတာဖြစ်ပါတယ်။ အဲ့ဒီ ဗီဒီယိုတွေကို VK လူမှုကွန်ရက် စာမျက်နှာမှာ Group ဖွဲ့ပြီး ဖလှယ်နေကြတာ ဖြစ်ပါတယ်။
VK ဟာ ရုရှားနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်ပြီး အသုံးပြုသူ များတဲ့ လူမှုကွန်ရက် စာမျက်နှာလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်းများစွာမှာ အသုံးပြုသူတွေရှိနေပြီး အဓိကအသုံးပြုတာကတော့ ရုရှားစကားနဲ့ ဖြစ်တယ်လို့ သိရပါတယ်။ VK ကို အသုံးပြုသူဟာ သန်း ၅၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ ၁၂ ခုမြောက် ဝင်ရောက်ကြည့်ရှုသူ အများဆုံး လူမှုကွန်ရက် စာမျက်နှာလည်း ဖြစ်ပါတယ်။
အဲဒီ ကလေးသူငယ် အပြာရုပ်ရှင် ဖြန့်ချိရေး Group ကို ရုရှားနိုင်ငံက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံက Korakot Chulthong က ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ Korakot Chulthong မှာ ကလေးသူငယ်တွေရဲ့ အပြာရုပ်ရှင်တွေ ရာနဲ့ချီရှိပြီး ကြည့်ရှုလိုသူတွေဟာ ရုပ်ရှင်တကားကို ထိုင်းဘတ် ၃၀၀ (မြန်မာကျပ်ငွေ ၁၅,၀၀၀) ခန့်နဲ့ ဝယ်ပြီး ကြည့်ရှုရတာ ဖြစ်ပါတယ်။
ကလေးသူငယ် အပြာရုပ်ရှင်ဖြန့်ချိရေး Group ကို ထိုင်းနိုင်ငံက အင်တာနက် မှုခင်းရဲဌာနက အသွင်ယူဖမ်းဆီးခဲ့တာ ဖြစ်ပြီး Korakot Chulthong ဆိုတဲ့ အမျိုးသားက သူဟာ အဲဒီ Group ကို ကိုင်တွယ်နေတာ ၁ နှစ်ခန့်ရှိပြီလို့ ဝန်ခံထားပါတယ်။
Ref. BKKpost
You may also like these stories:
အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့
ကလေးသူငယ် အဓမ္မကျင့် ခံရသည့် တိုက်ရိုက်ရုပ်သံ ကြည့်ရှုတာကြောင့် ထောင်ချခံရတဲ့ ကျောင်းဆရာ