ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တက္ကသိုလ်ကျောင်းသား တဦးဟာ မိခင်ဖြစ်သူကို သတ်ပြီး ခုတ်ထစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားခဲ့တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ရဲတွေက သွားရောက်စစ်ဆေးချိန်မှာ သေဆုံးသူ မိခင်ရဲ့ ရင်သားများကို အိမ်သာမှာ တွေ့ခဲ့ရပါတယ်။
သေဆုံးသူ အမျိုးသမီးရဲ့ သူငယ်ချင်းဖြစ်သူ၊ အသက် ၄၂ နှစ် အရွယ် Yuree က သူငယ်ချင်းဆီက အဆက်အသွယ် မရတာကြောင့် အိမ်ကို သွားကြည့်ချိန်မှာ အခုလို အပိုင်းပိုင်း ခုတ်ထစ်ပြီး ရေခဲသေတ္တာထဲ ရောက်နေတဲ့ သူငယ်ချင်းရဲ့ အလောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ် တရားခံဖြစ်သူက ငိုယိုပြီး မိခင် မရှိကြောင်း ပြောဆိုခဲ့ပေမယ့် အိမ်ထဲကို ဝင်ကြည့်ချိန်မှာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ လက်တွေနဲ့ ခြေတွေကို တွေ့မြင်ခဲ့ရတာလို့ သိရပါတယ်။
ထိုင်းနိုင်ငံရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Pol Col Krissana Pattanacharoen ရဲ့ ပြောကြားချက်အရ Yuree ဟာ အခင်းဖြစ်ပွားရာအိမ်က အမြန်ထွက်ပြေးခဲ့ပြီး ရဲဌာနနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ရဲဌာနနဲ့ ဆက်သွယ်နေချိန်မှာ တရားခံဖြစ်တဲ့ Sira ဟာ သေနတ်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပြီး ဆေးရုံကို ခေါ်ခဲ့ပေမယ့် အသက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သားဖြစ်သူ Sira နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရဲဌာနအနေနဲ့ စုံစမ်းမှုတွေပြုလုပ်နေပြီး ဘာကြောင့် မိခင်ကို ဒီလို သတ်ခဲ့တယ်ဆိုတာကို စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။ သေဆုံးသူ သားအမိ ၂ ဦးဟာ တအိမ်တည်းမှာ အတူနေထိုင်ကြသူတွေဖြစ်ပြီး သားဖြစ်သူကတော့ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား တဦး ဖြစ်တယ်လို့ သိရပါတယ်။
Ref. thaivisa
You may also like these stories:
“အရက်တုဘုရင်”လို့ လူသိများတဲ့ မလေးရှားနိုင်ငံသားကို ထိုင်းမှာ ဖမ်းမိ
ကင်ဆာဖြစ်နေတဲ့ သူငယ်ချင်းကို အဖော်လုပ်ပေးဖို့ ခေါင်းတုံး တုံးလိုက်တဲ့ ကောင်လေး
သြစတေးလျ တောမီးလောင်မှုမှာ ကိုအာလာ ဝက်ဝံတွေကို လိုက်လံ ရှာဖွေပေးခဲ့တဲ့ ခွေးလေး