Trend

အားဖြည့်အချိုရည် မရောင်းလို့ နိုက်ကလပ်ကို မီးရှို့ခဲ့တဲ့ အမျိုးသား

အမျိုးသား တယောက်ဟာ ဓာတ်ဆီပုံးတပုံးနဲ့ နိုက်ကလပ်ကို မီးရှို့ခဲ့တာကြောင့် ထောင်ကျဖို့ ရှိနေတယ်လို့ သိရပါတယ်။ Michael Day လို့ အမည်ရတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးဟာ ကလပ်အတွင်းမှာ ရှိနေတဲ့သူ အားလုံးကို မီးလောင်တိုက်သွင်းမယ် ဆိုပြီး ဆီပုံးကြီး ကိုင်ကာ အော်ဟစ်နေတဲ့ အဖြစ်အပျက်က Oxfordshire ပြည်နယ်မှာ ရှိတဲ့ Wantage မြို့က နိုက်ကလပ်တခုမှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံသတင်းစာတွေမှာ ဖော်ပြချက်အရ အဲဒီညက ကလပ်မှာရှိတဲ့ စားပွဲထိုးတဦးက အားဖြည့်အချိုရည် ကုန်နေကြောင်း ပြောပြရင်းက ဖြစ်ခဲ့တာဖြစ်ပါတယ်။ ကလပ်က အားဖြည့်အချိုရည် မရှိကြောင်းပြောပြီး နောက်မှာတော့ Day ဟာ အိမ်ကိုပြန်ပြီး ခဏအကြာမှာ ကလပ်ကို ပြန်လည်ရောက်လာခဲ့ပါတယ်။ CCTV မှာ ဖမ်းမိထားတဲ့ မှတ်တမ်းတွေ အရ သူဟာ လီတာ ၂၀ ခန့် ဆန့်တဲ့ အဖြူရောင်ပုံးထဲမှာ ဓာတ်ဆီအပြည့်ဖြည့်ပြီး ကိုင်ထားတာကို တွေ့ရပါတယ်။

ကလပ်ရဲ့ ဝင်ပေါက်ကို ရောက်ချိန်မှာတော့ သူဟာ အပေါက်စောင့်ကို သူဘယ်သူဖြစ်ကြောင်း အော်ဟစ်ကြိမ်းဝါး ခဲ့တယ်လို့ ဆိုပါတယ်။ Day ဟာ ဓာတ်ဆီတွေကို ကြမ်းပြင်ပေါ်လောင်းချခဲ့ပြီး ဝန်ထမ်းရဲ့ အင်္ကျီပေါ်ကိုလည်း ဖြန်းပက်ခဲ့ပါတယ်။ ပါးစပ်က ” မင်းတို့ အားလုံးကို မီးလောင်တိုက်သွင်းပစ်မယ် ” လို့ အော်ဟစ်ပြီး ဆေးလိပ်မီးစကို ချခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ လုပ်ရပ်ကြောင့် ကလပ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၇၇ ယောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းမိချိန်မှာတော့ သူဟာ ဘီယာ ၇ လုံးသောက်ထားတာကြောင့် မူးနေကြောင်းနဲ့ ဒီလို မီးရှို့ဖို့လောက်အထိ မရည်ရွယ်ကြောင့် ဖြောင့်ချက်တွေ ပေးခဲ့ပေမယ့် တရားစီရင်မှုတွေ အပြီးမှာတော့ Michael Day ကို ထောင် ၅နှစ်နဲ့ ၂ လ ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

Ref;metro.co.uk

You may also like these stories:

မိခင်ကို သတ်ပြီး ခုတ်ထစ်ကာ ရေခဲသေတ္တာထဲ ထည့်ထားတဲ့ ထိုင်းကျောင်းသား

အတွေးအမြင် အသစ်များကို ရရှိဖို့ လူငယ် ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ

အချိန် ၁ နာရီလောက်ကြာအောင် ကားမောင်းခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က ခွေးလေး

Loading