Trend

သြစတြေးလျ တောမီးလောင်မှုမှာ Koala ပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရ

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျနိုင်ငံမှာ အားကောင်းတဲ့ တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေတာ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နေပြီဖြစ်ပြီး ဒီတောမီးလောင်မှုကြောင့် Koala ပေါင်း ၁၀၀၀ ကျော်ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံ Koala ဖောင်ဒေးရှင်းဥက္ကဋ္ဌ Deborah Tabart ရဲ့ ပြောကြားမှုအရ တောမီးကြောင့် သေကြေ ပျက်စီးရတဲ့ Koala ပေါင်းဟာ လက်ရှိအချိန်မှာဆိုရင် အရေအတွက်အားဖြင့် ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ၈၀ ရာခိုင်နှုန်းလောက်ကတော့ တောမီးကြောင့် ကျက်စားနေထိုင်ရာ စားကျက်နယ်မြေတွေ ပျောက်ကွယ်နေရတယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ တောမီးကြောင့် မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့ Koala အရေအတွက်ဟာလည်း များပြားနေသလို မီးလောင်ဒဏ်ရာကြောင့် သေဆုံးနေရတဲ့ Koala တွေကလည်း နေ့စဉ်နဲ့အမျှဆိုသလို ဖြစ်နေတာပါ။

တောမီး ငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေက Koala လေးတွေ ဘေးကင်းဖို့ မီးထဲကနေ ရသလောက် ကယ်ဆယ်နေတဲ့ ဓာတ်ပုံတွေ၊ မီးဘေးကနေ လွတ်ကင်းလာတဲ့ Koala လေးတွေကို ကုသမှုပေးပြီး ရေတိုက်နေတဲ့ ဓာတ်ပုံတွေကလည်း လတ်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

တိရစ္ဆာန်ချစ်သူတွေနဲ့ လူမှုကွန်ရက်သုံးစွဲသူ တော်တော်များများအနေနဲ့တော့ Koala လေးတွေရဲ့ မီးဘေးသင့် ဓာတ်ပုံတွေဟာ စိတ်ခံစားမှု တစုံတရာ ရလိမ့်မယ်လို့ ထင်မိပါတယ်။

Koala ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Deborah Tabart ကတော့ ဒီတောမီးလောင်မှုကို အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တိုက်တွန်းနေတာဖြစ်ပြီး နှစ်လအတွင်းမှာတင် Koala ပေါင်း ၁၀၀၀ ကျော် သေဆုံံးခဲ့ရမှုဟာ စံချိန်တင်ဖြစ်ရပ်တခုလိုလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

“Koala တွေ ဒီလိုအစုလိုက် အပြုံလိုက် သေဆုံးမှုဟာ ဒီနှစ်ရဲ့ စံချိန်တင်ဖြစ်ရပ်တခုလို့တောင် ပြောလို့ရပါတယ်။ ဒီသေဆုံံးမှုဟာ Koala တွေ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေနဲ့တောင် ရင်ဆိုင်ရနိုင်တာကြောင့် ဒီမီးလောင်ကျွမ်းမှုကို ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်ပါတယ်”လို့ Deborah က Metro နဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

Ref. metro.co.uk

You may also like these stories:

သြစတြေးလျ တောမီးကြောင့် မင်းသား Russell Crowe ရဲ့ အဆောက်အဦ မီးလောင်

နှင်းတွေကြားမှာ ပျော်ရွှင်နေတဲ့ သားပိုက်ကောင်တွေရဲ့ ရုပ်သံ အွန်လိုင်းမှာ ရေပန်းစားနေ

Did you find apk for android? You can find new Free Android Games and apps.
Loading