အခုလက်ရှိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ SEA Games ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း အစ္စလာမ်ဘာသာဝင်တွေ အများစုပါဝင်တဲ့ အင်ဒိုနီးရှား ဘောလုံးအသင်းသားတွေက ဝက်သားကို မှားယွင်းပြီး စားမိခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ခဲ့တဲ့အတွက် ရှုတ်ချမှုတွေဖြစ်နေပြီး ကျန်တဲ့ အသားများကလည်း Halal ဖြစ်၊ မဖြစ် မသိရတာကြောင့် ပြဿနာတွေ ပေါ်ထွက်နေပါတယ်။
“အခုအချိန်အထိကို ကျနော်တို့ စားနေတဲ့ အစားအသောက်တွေက Halal ဖြစ်၊ မဖြစ် မသိရသေးဘူး။ နောက်ရက်တွေတော့ မျှော်လင့်ရတာပဲ”လို့ အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဝက်သားစားသုံးခြင်းကို အစ္စလာမ်ဘာသာဝင် နိုင်ငံတွေမှာ တားမြစ်ထားတာကြောင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်းစတဲ့ နိုင်ငံတွေက ပြိုင်ပွဲဝင်တွေမှာ အခက်အခဲ ရှိနေတာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ ပြုလုပ်နေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games မှာ လာရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံတိုင်းနီးပါး အခက်အခဲတွေ ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံ ဘောလုံးအသင်းရဲ့ လက်ထောက်နည်းပြ Sawin Jaraspetcharanan ကလည်း အစားအစာနဲ့ ရေမလုံလောက်မှုတွေ ရှိတယ်လို့ ပြစ်တင်ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက အားကစားသမားတွေလည်း အစားအစာနဲ့ ရေမလုံလောက်တဲ့ အလားတူပြဿနာတွေကို ကြုံတွေ့နေရပြီး ဖိလစ်ပိုင်နိုင်ငံကို စတင်ရောက်ရှိချိန်မှာ မြန်မာကစားသမားတွေကို ကြိုဆိုချိန်ကစလို့ ပြဿနာတွေ အများကြီးရှိနေတာလည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ပြုလုပ်တဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ဟာ ဝေဖန်မှုတွေကို ခံနေရတယ်လို့ သိရပါတယ်။
Ref; mb.com
You may also like these stories:
မန်ယူကစားသမားဟောင်း ဖာဒီနန်၊ လမ်းပေါ် ဘောလုံးကစားသူတွေရဲ့ ကျွမ်းကျင်မှုကို ချီးကျူး