၂၀၁၀ ခုနှစ် နောက်ပိုင်းတွေမှာ လူငယ်တွေအနေနဲ့ အပြင်ထွက် အလုပ်လုပ်တာမျိုး မဟုတ်တော့ဘဲ လူမှုကွန်ရက် စာမျက်နှာတွေမှာပဲ ဖုန်းနဲ့ ဗီဒီယိုတွေ ရိုက်ရင်း ငွေရှာသူတွေ များလာပါတယ်။
နိုင်ငံတကာမှာလည်း Youtuber (Youtube စာမျက်နှာမှာ ဗီဒီယိုတင်သူ) အလုပ်ကို တရားဝင်လုပ်ငန်းတခုအဖြစ် သတ်မှတ်လာတာတွေ ရှိလာပါတယ်။ ကြည့်ရှုသူနဲ့ လိုက်ပြီး ဝင်ငွေရတဲ့ အလုပ်ဖြစ်တာကြောင့် ကြည့်ရှုသူများဖို့ ရည်ရွယ်ပြီး အပေါစားဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေကြတဲ့ Youtuber တွေလည်း အများကြီး ရှိနေပါတယ်။
အခုဖော်ပြပေးချင်တာကတော့ ၂၀၁၉ ခုနှစ်ရဲ့ နာမည်အကြီးဆုံး Youtuber တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) PewDiePie ( Subscriber ၁၀၂ သန်း)
အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ ဆွီဒင်ဂိမ်းသမား PewDiePie ကတော့ ဗီဒီယိုဂိမ်းတွေ ဆော့တာကြောင့် အဓိက နာမည်ကြီးလာသူလည်း ဖြစ်ပါတယ်။ သူ့ဗီဒီယိုထဲက အကြောင်းအရာတော်တော်များများဟာ လူမှုကွန်ရက် စာမျက်နှာတိုင်းမှာ နာမည်ကျော်လေ့ရှိပြီး Meme တွေ မကြာခဏ ပြုလုပ်ခံရသူလည်း ဖြစ်ပါတယ်။
(၂) Dude Perfect (Subscriber ၄၇ ဒဿမ ၁ သန်း)
အမေရိကန်မှာ နေထိုင်တဲ့ တက္ကသိုလ်ကျောင်းသား တစုဖွဲ့ထားတဲ့ Dude Perfect Youtube စာမျက်နှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် နာမည်ကျော်တာဖြစ်ပြီး သူတို့ရဲ့ ဗီဒီယိုတွေမှာ တခါတလေ နာမည်ကျော် အားကစားသမားတွေလည်း တွေ့ရလေ့ရှိတာကြောင့် ပရိသတ်များလာတာ ဖြစ်ပါတယ်။
(၃) Badabun (Subscriber ၄၃ သန်း)
မက္ကဆီကိုနိုင်ငံ အခြေစိုက် Youtube ချန်နယ်တခုဖြစ်တဲ့ Badabun “Exponiendo Infieles ” ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အစီအစဉ်ဟာ စုံတွဲတွေမှာ ဘယ်သူက ဖောက်ပြန်လောက်တယ်ဆိုတာကို အင်တာဗျူးတာဖြစ်ပြီး ဖြစ်ရပ်မှန်အခြေခံ ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးလေ့ရှိပါတယ်။
(၄) Like Nastya Vlog ( Subscriber ၃၈ ဒဿမ ၄ သန်း)
အမေရိကန်နိုင်ငံက ရုရှား- အမေရိကန် ကပြား ကလေးတယောက်ကို အဓိက အခြေခံထားတဲ့ Like Nastya Vlog ကလည်း အားပေးသူ ဒုနဲ့ဒေးရှိတဲ့ ချန်နယ်တခု ဖြစ်ပါတယ်။ အဲဒီ ချန်နယ်မှာ Stacy လို့ ခေါ်တဲ့ ကောင်မလေးက သူမရဲ့ အရုပ်တွေနဲ့ ဆော့တာ မိဘတွေနဲ့ ခရီးသွားတာ စတာတွေကို အဓိကဖော်ပြလေ့ရှိပါတယ်။
Ref; .businessinsider
You may also like these stories:
ဗီဒီယိုတခုမှာ အစ်မဖြစ်သူကို နမ်းပြခဲ့လို့ ဝေဖန်ခံနေရတဲ့ Youtuber
သရဲလို ဝတ်ဆင်ပြီး လူတွေကို စနောက်တဲ့ Youtuber ၇ ဦး ဖမ်းဆီးခံရ