Trend

ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် “ငှက်ပွဲတော်နှင့် သဘာဝ ကုန်စည်ပြပွဲ”

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာပေါ်မှာရှိတဲ့ သဘာဝ သားရိုင်းတိရစ္ဆာန် မျိုးစိတ်တွေက တဖြည်းဖြည်း နည်းပါးလာနေပါတယ်။ တချို့ မျိုးစိတ်တွေဆိုရင် လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ ပျောက်ကွယ်သွားတဲ့ မျိုးစိတ်တွေထဲမှာ ငှက် မျိုးစိတ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာမှာ သဘာဝ သားရိုင်း တိရစ္ဆာန်တွေနဲ့ ငှက်မျိုးစိတ်တွေ ထပ်မံ ပျောက်ကွယ်မသွားအောင် ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း သဘာဝ သားရိုင်းတိရစ္ဆာန်တွေနဲ့ ငှက်မျိုးစိတ်တွေ ထပ်မံပျောက်ကွယ် မသွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ဒီဇင်ဘာ ၇ ရက်၊ ဖနွမ်းပင် တော်ဝင်တက္ကသိုလ်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ ဒီပွဲတော်ကတော့ “ငှက်ပွဲတော်နဲ့ သဘာဝကုန်စည်ပြပွဲ” ပါ။

ဒီပွဲတော်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ဇီဝမျိုးကွဲများနဲ့ အထူးသဖြင့် ငှက်မျိုးစိတ်တွေအတွက် ရည်ရွယ်ပါတယ်။ ဒီပွဲတော်ကိုတော့ ငှက်ချစ်သူတွေအားလုံး ပါဝင်ဆင်နွှဲနိုင်ပါတယ်။ ဒီပွဲတော်ကိုတော့ ကမ္ဘောဒီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျင်းပတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့မှာကျင်းပမယ့် “ငှက်ပွဲတော် နဲ့ သဘာဝကုန်စည်ပြပွဲ” မှာဆိုရင်တော့ အလုပ်ရုံ  ဆွေးနွေးပွဲတွေ ၊ ပန်းချီနဲ့ ဓာတ်ပုံပြိုင်ပွဲတွေအပြင် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းကစားနည်း  ပေါင်းစုံလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီပွဲတော်ဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ငှက်မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် လူထုကို အသိပညာ မြှင့်တင်ပေးဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လူထုအနေနဲ့ အင်တိုက်အားတိုက် ပါဝင်လာဖို့အတွက်လည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ဇီဝမျိုးကွဲ အများအပြားကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်သလို သဘာဝ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ငှက်မျိုးစုံရဲ့ သဘာဝကို လေ့လာခဲ့ ပြီး ၁၅ နှစ်တိုင်တိုင် ကမ္ဘောဒီးယားက ငှက်မျိုးစိတ်တွေ ထပ်မံ မပျောက်ကွယ်သွားအောင် ကာကွယ်ထိန်းသိမ်းပေးခဲ့တဲ့ Bou Vorsak ကလည်း ဂေဟစနစ်နဲ့ ဇီဝမျိုးကွဲတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် အများပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“လူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်လာမယ်၊ ဇီဝမျိုးကွဲတွေရဲ့ တန်ဖိုးကို နားလည်လာမယ် ဆိုရင် သဘာဝလောကကြီးနဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်ကြပါလိမ့်မယ်။ အခု ကျင်းပမယ့် ပွဲတော်ရဲ့ အဓိက ရည်မှန်းချက်ကလည်း ငှက်တွေနဲ့ သဘာဝပတ်ဝန်းကျင်အကြောင်းကို အများပြည်သူတွေ သိရှိနားလည်နိုင်ဖို့ပါပဲ” လို့ သူက ပြောပါတယ်။

Ref:phnompenhpost,12go.asia

Did you find apk for android? You can find new Free Android Games and apps.
Loading