Trend

Black Friday အကြောင်း သိကောင်းစရာများ

Black Friday နေ့ဆိုတာဟာ ကျေးဇူးတော်နေ့ ပြီးတဲ့နောက်တနေ့ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ မြို့နယ်တိုင်းရဲ့ ဆိုင်တိုင်းနီးပါးမှာ ပစ္စည်းတိုင်းနီးပါးကို လျှော့ဈေးများနဲ့ ရောင်းပေးတဲ့နေ့ ဖြစ်ပြီး တိုးဝှေ့ဝယ်ကြတာကြောင့် ရန်ပွဲတွေပါ ဖြစ်လေ့ရှိလို့ “Black Friday” လို့ ခေါ်ကြခြင်း ဖြစ်ပါတယ်။ မြို့လယ်ခေါင်တွေမှာ ရှိတဲ့ နေရာတွေကို ရဲတွေက ဝန်းရံစောင့်ကြည့်တဲ့အထိ စည်ကားသိုက်မြိုက်တဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။

Black Friday ဟာ ၁၉၅၀ ခုနှစ်များက စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတော့ “Sick Day” လို့ ခေါ်ခဲ့ကြပါတယ်။ ကျေးဇူးတော်နေ့ ပြီးတဲ့နောက် အနောက်နိုင်ငံ တော်တော်များများမှာ အားလပ်ရက်တွေ စတင်ခဲ့ပြီး လူတွေဟာ အားလပ်ရက်အတွက် ဈေးသုံးခြင်းတွေ ပြုလုပ်ကြတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။

ဖီလီဒိုးဖီးယားမှာ ရှိတဲ့ ရဲတွေဟာ ကျေးဇူးတော်နေ့ ပြီးတဲ့ နောက် ၂ ရက်မှာ ကားလမ်း အလွန်အကျွံ ပိတ်ခြင်းတွေ ရှိကြောင်း သတင်းတင်ပြမှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို သတင်းတင်ပြမှုတွေဟာ ၁၉၆၁ခုနှစ် ပြည်သူ့သတင်းစာတွေမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်မှာ Earl Apfelbaum လို့ အမည်ရတဲ့ တံဆိပ်ခေါင်းရောင်းသူ တဦးက Black Friday ဆိုတဲ့ နာမည်ကို စတင်သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Black Friday ဟာ ကားပိတ်မှုနဲ့ လူပိတ်ဆို့မှုတွေ အများဆုံးဖြစ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ကျေးဇူးတော်နေ့ပြီးနောက် ရောက်တဲ့ သောကြာနေ့ကို သတ်မှတ်တာဖြစ်ပြီး ဆိုင်တိုင်းက လျှော့ဈေးတွေ ပေးတာကြောင့် လူတော်တော်များများဟာ ညကတည်းက ဆိုင်ရှေ့တွေမှာ တန်းစီပြီး စောင့်လေ့ ရှိပါတယ်။

Black Friday ရဲ့ ဈေးရောင်းချမှုတွေဟာ ရဲတပ်ဖွဲ့ကို ခေါင်းကိုက်စေဆဲ ဖြစ်တဲ့ နေ့တနေ့ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း Black Friday မှာ ဈေးဝယ်ရင်း သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ ၁၁၇ ဦးအထိ ရှိခဲ့တယ်လို့ The New York Daily သတင်းစာမှာ ဖော်ပြထားပါတယ်။

Black Friday မှာ ဈေးဝယ်ရင်း ပစ္စည်းလုကာဝယ်ယူမှုနဲ့ အကြမ်းတမ်းဆုံး စာရင်းဝင်မြို့တွေကတော့ Arkansas, Tennessee, West Virginia, North Carolina နဲ့ Alabama မြို့တွေ ဖြစ်ပြီး တည်ငြိမ်အေးချမ်းစွာ ဈေးဝယ်နိုင်တဲ့ မြို့တွေက Vermont, Oregon, Rhode Island, Pennsylvania နဲ့ Wisconsin မြို့တို့ ဖြစ်တယ်လို့ သိရပါတယ်။

Ref. thebalance

You may also like these stories:

မင်းသား John Boyega ကြောင့် Star Wars ရုပ်ရှင်အသစ် ဇာတ်ညွှန်း ပေါက်ကြားမှု ဖြစ်ပွား

Black Panther အသစ်ကို မိတ်ဆက်ဖို့ရှိနေတဲ့ Marvel

Loading