ပြင်သစ်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ်၊ မူလတန်းပြ ကျောင်းဆရာတဦးဟာ တကိုယ်လုံးမှာ တက်တူးတွေ အပြည့်ထိုးထားတာကြောင့် မိဘတွေရဲ့ ငြိုငြင်တာတွေကို ခံနေရတယ်လို့ ဆိုပါတယ်။ Sylvain Helaine လို့ အမည်ရတဲ့ အဲဒီကျောင်းဆရာဟာ သူ့အသက် ၂၇ နှစ်မှာ တက်တူးတွေကို စတင်ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တက်တူး စထိုးပြီးကတည်းက သူဟာ တက်တူးထိုးရတာကို အရမ်းကြိုက်တာကြောင့် ခန္ဓာကိုယ်မှာ နေရာလပ် မကျန်အောင် ထိုးခဲ့တာ ဖြစ်ပါတယ်။
“ကျနော် တက်တူး စထိုးတော့ ရှေးပုံစံ၊ ရော့်ခ်ပုံစံတွေကို ထိုးခဲ့ပေမယ့် နောက်ပိုင်းတော့ ဂျပန်ရိုးရာပုံစံမျိုးကို ထိုးဖြစ်သွားတယ်။ ကျနော့်ရဲ့ စာသင်တဲ့ အတွေ့အကြုံက ၁၀ နှစ်ကျော် ရှိပါပြီ။ အရင်က ကလေးတွေကို ကရာတေးတွေပါ သင်ပေးတယ်။ ကျောင်းမှာ ဆိုးတယ်ဆိုတဲ့ ကလေးတွေအတွက် ကျနော် အမြဲ ရှိပေးချင်ပါတယ်”လို့ Sylvain Helaine က ပြောပါတယ်။
အခုအချိန်မှာဆိုရင်တော့ Sylvain Helaine ဟာ အချိန်ပိုင်း မော်ဒယ်လုပ်ခြင်း၊ စာသင်ခြင်းနဲ့ အချိန်ပိုင်း ဟာသပြောဆိုသူ စတာတွေကို ပြုလုပ်နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။
“အရင်ကတော့ ကျောင်းသားမိဘတချို့က ကျနော့်ကို တွေ့ရင် အံ့အားသင့်သလို ရွံရှာသလို ကြည့်တာတွေ ရှိတယ်။ ဒါမျိုးကလည်း အသက်ကြီးတဲ့ ကျောင်းသား မိဘတွေမှာပဲ ဖြစ်တာများပါတယ်”လို့ သူက ပြောပါတယ်။
ကျောင်းသားမိဘအချို့ဆိုရင် ကျောင်းမှာ Sylvain Helaine နဲ့ ကလေးတွေ ဆော့ကစားနေတာကို တက်တူးတွေနဲ့ လူကို ကျောင်းထဲ ပေးဝင်ထားတယ်ဆိုပြီး ကျောင်းအုပ်ကြီးကို တိုင်ကြားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ကလေးတွေကလည်း သူ့ကို တွေ့ခါစမှာ ကြောက်ပြီး ငိုတာမျိုး ရှိပေမယ့် သူဟာ ကလေးတွေကို ကောင်းကောင်း ထိန်းကျောင်းတတ်တာကြောင့် ကြီးမားတဲ့ ပြဿနာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
Ref. dailymail
You may also like these stories:
အဓိပ္ပာယ် သေချာ မသိဘဲ မထိုးသင့်တဲ့ တက်တူးများ
ကမ္ဘာ့အသက်အကြီးဆုံး ရိုးရာတက်တူး ထိုးပေးသူ၊ ဖိလစ်ပိုင်နိုင်ငံက အဘွားအို