ငွေကြေး သုံးစွဲမှု စနစ်တွေ မြင့်လာပြီးနောက် လူတိုင်းနီးပါးဟာ နည်းပညာနဲ့ မစိမ်းကြတော့ပါဘူး။ ကမ္ဘာဖွံ့ဖြိုးမှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ တောင်းစားသူတွေပါ Online Banking စနစ်တွေကို အသုံးပြုနေပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ တရုတ်နိုင်ငံက တောင်းစားသူတွေကြားမှာ ဒီလို စနစ်တွေ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်အမျိုးသမီးတဦးရဲ့ ငွေကြေးတောင်းရမ်းတဲ့ နည်းလမ်းတခုက Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရေပန်းစားနေပါတယ်။ Fazil Irwan လို့ အမည်ရတဲ့ အကောင့်တခုက နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ထားတဲ့ပို့စ် ဖြစ်ပါတယ်။
ဘေဂျင်းမြို့က လမ်းတွေမှာ လိုက်လံ တောင်းရမ်းနေတဲ့ အဘွားအိုတဦးဟာ ငွေသား မပါကြောင်း ပြောသူတွေကို သူမရဲ့ We Chat Pay ငွေလွှဲအကောင့်ရဲ့ QR Code ပါ စာရွက်ကို ပြသပြီး We Chat Pay ကနေ ငွေလွှဲနိုင်ကြောင်း ပြောခဲ့တယ်လို့ Fazil Irwan က သူ့ရဲ့ Facebook မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
Fazil Irwan နဲ့ သူ့မိတ်ဆွေတွေဟာ ဘေဂျင်းမြို့မှာ နိုဝင်ဘာလ ၂၇ရက်နေ့ ညပိုင်းက ညစာထွက်စားချိန်မှာ ဒီလို တွေ့ခဲ့ရတာဖြစ်ပြီး သူ့မိတ်ဆွေ တဦးကို အဘွားအိုက တောင်းရမ်းချိန်မှာ ငွေသား မပါဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဘွားအိုက သူ့ရဲ့ We Chat Pay စာရွက်ကို ထုတ်ပြပြီး “ရပါတယ်။ We Chat ကနေ ပေးရင်လည်း အဆင်ပြေပါတယ်”လို့ ပြောခဲ့တယ်လို့ သိရပါတယ်။
Fazil Irwan ရဲ့ ပို့စ်ကို ပြန်လည်မျှဝေသူ ၂ သောင်းကျော် ရှိခဲ့ပြီး မှတ်ချက်ပေးထားသူတွေလည်း ၂၅၀၀ ကျော်အထိ ရှိခဲ့ပြီး လူမှုကွန်ရက်မှာ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ တောင်းရမ်းစားသောက်သူတွေ အားလုံးနီးပါးဟာ We Chat Pay အကောင့်ကို ပြုလုပ်ထားပြီး တောင်းရမ်းကြတာဖြစ်ပါတယ်။
Ref. asiaone
You may also like these:
မျက်နှာပြပြီး ရထားခ ပေးချေနိုင်မယ့် စနစ်ကို တရုတ် ဘူတာရုံတခုမှာ စမ်းသပ်
Facebook Messenger အသုံးပြုသူအားလုံး Unsend လုပ်ဆောင်ချက် စတင်ရရှိ
ကိုယ်ပိုင်ငွေကြေးစနစ် Facebook စီစဉ်နေ