Trend

ဆော်ဒီနိုင်ငံသား ဖြစ်ချင်သူတွေကို နိုင်ငံသား ခံယူခွင့် ပေးလိုက်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ

Want create site? Find Free WordPress Themes and plugins.

တချိန်တုန်းကတော့ ဆော်ဒီအာရေဗျ နိုင်ငံသား ခံယူဖို့ မပြောနဲ့၊ ဆော်ဒီနိုင်ငံအတွင်း လာရောက် လည်ပတ်မယ်ဆိုရင်တောင် ကန့်သတ်ချက်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒီလို ကန့်သတ်ထားတဲ့ အတွက်ကြောင့်လည်း ဆော်ဒီနိုင်ငံကို အနောက်နိုင်ငံတွေရဲ့အမြင်မှာ အထီးကျန်နေတဲ့ တိုင်းပြည်အဖြစ် မြင်ခဲ့ကြပါတယ်။

ဆော်ဒီနိုင်ငံဟာ အစဉ်အလာ ဘာသာရေး ကန့်သတ်ချက်တွေ များပြားလွန်းတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး  ဆော်ဒီအမျိုးသမီးတွေဟာ အဖိနှိပ်ခံ လူတန်းစားတွေအဖြစ်နဲ့သာ ရပ်တည်ခဲ့ကြရပါတယ်။ ၂၁ ရာစုထဲ ရောက်လာတဲ့အချိန်မှာတော့ ဆော်ဒီဘုရင် မိုဟာမက်ဘင်ဆာလ်မန်က ဖြေလျှော့မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

သမိုင်းကြောင်းတလျှောက် လွတ်လပ်ခွင့် မရရှိခဲ့တဲ့ ဆော်ဒီ အမျိုးသမီးတွေဟာ ကားမောင်းခွင့်၊ အမျိုးသားအုပ်ထိန်းသူ မပါဘဲ ပြည်ပနိုင်ငံ ထွက်ခွာခွင့်၊ အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်နိုင်ခွင့်စတဲ့ အခွင့်အရေးတွေကို ရရှိလာခဲ့ကြပါတယ်။ ကမ္ဘာအရပ်ရပ်ကလည်း  ဆော်ဒီအာရေဗျနိုင်ငံကို မြင်နေတဲ့အမြင်တွေက ပြောင်းလဲခဲ့ပါတယ်။ ဆော်ဒီဘုရင်ရဲ့ ကြိုးပမ်း အားထုတ်မှုတွေကိုလည်း အသိအမှတ် ပြုခဲ့ကြပါတယ်။

အမျိုးသမီးတွေကို အမျိုးသားများနဲ့ တန်းတူနီးပါး အခွင့်အရေးပေးပြီးတဲ့နောက်မှာတော့  ဆော်ဒီ ဘုရင်ဟာ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကို လာရောက်လည်ပတ်ဖို့ ခွင့်ပြုခဲ့ပြန်ပါတယ်။ တခြားနိုင်ငံတွေဆီက လာရောက်ကြမယ့် အမျိုးသမီး ဧည့်သည်တွေကိုလည်း ဆော်ဒီအမျိုးသမီးတွေလို ဝတ်စားဆင်ယင်ခြင်း မပြုခိုင်းတော့ဘဲ လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစား ဝတ်ဆင်ခွင့်ကိုလည်း ခွင့်ပြုခဲ့ပါတယ်။

အစ္စလာမ်ဘာသာအတွက်တော့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုက အရေးကြီးတဲ့ နေရာက ရှိနေပါတယ်။ ဒါကြောင့်လည်း ဧည့်သည် အမျိုးသမီးတွေအတွက် ဆော်ဒီဘုရင် ခွင့်ပြုချက်ဟာ စွန့်စားမှုတရပ်လို့ ဆိုနိုင်ပါတယ်။ အဲဒီ အချက်တွေထက် ပိုပြီး စွန့်စားခဲ့ရတဲ့ အချက်ကတော့  ဆော်ဒီနိုင်ငံကို လာရောက် လည်ပတ်ကြမယ့် စုံတွဲ (လက်မထပ်ရသေးတဲ့စုံတွဲ) တွေကို ဟိုတယ်တွေမှာ တည်းခိုခွင့်ပြုလိုက်တဲ့ အချက်ပါ။ ဒီကိစ္စဟာ အစ္စလာမ်ကမ္ဘာအတွက် ယဉ်ကျေးမှု ရှော့ခ်ရစေတဲ့ ကိစ္စပါ။

လက်မထပ်ရသေးတဲ့ စုံတွဲတွေနဲ့ ပတ်သက်ပြီး ဆော်ဒီဘုရင် ခွင့်ပြုချက်ထဲမှာ ဆော်ဒီနိုင်ငံသားတွေတော့ မပါဝင်ပါဘူး။ ဒါပေမဲ့လည်း ဆော်ဒီအမျိုးသမီးတွေဟာ ဟိုတယ်တွေမှာ တယောက်တည်း လွတ်လွတ်လပ်လပ် တည်းခိုခွင့် ရခဲ့ကြပါတယ်။

အခုလို ပြုပြင်ရေးတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ဆော်ဒီဘုရင်က နောက်ထပ် အပြောင်းအလဲတခုကို ထပ်မံ ဖော်ဆောင်လာပြန်ပါတယ်။ အဲဒီပြောင်းလဲမှုကတော့ ဆော်ဒီနိုင်ငံသား ခံယူချင်တဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသား ခံယူခွင့် ပေးလိုက်တာပါ။ ဒီအပြောင်းအလဲကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းလောက်က စတင်လိုက်တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံမှာ ဆေးဘက်ဆိုင်ရာနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ အားနည်းမှုတွေ ရှိနေတာကြောင့် အဲဒီနယ်ပယ်က နိုင်ငံခြားသားတွေအနေနဲ့ ဆော်ဒီနိုင်ငံသား ခံယူမယ်ဆိုရင် ခွင့်ပြုမှာဖြစ်တဲ့အကြောင်း ဆော်ဒီဘုရင်က ကြေညာခဲ့ပါတယ်။ အခုလို နိုင်ငံသား ခံယူခွင့်ပေးလိုက်တာကလည်း ဆော်ဒီနိုင်ငံရဲ့စီးပွားရေးကို ပိုမိုအထောက်အကူ ပြုနိုင်ဖို့အတွက်လို့ ဆိုပါတယ်။

အခု အပြောင်းအလဲဟာ ရေနံတခုတည်းကို မှီခိုနေရတဲ့အဖြစ်က ကင်းဝေးစေဖို့ဖြစ်ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ဆော်ဒီဘုရင်ရဲ့ပြောင်းလဲမှုတွေဟာ ပင်လယ်ကွေ့နိုင်ငံတွေမှာ ကြုံရခဲတဲ့  ပြောင်းလဲမှုတွေပါပဲ။ အာရပ်ကမ္ဘာမှာ နိုင်ငံသားတယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

အခုဆုံးဖြတ်ချက်ဟာ သိပ္ပံ၊ သတင်းအချက်လက်နဲ့ နည်းပညာ၊ ဆေးပညာ စတာတွေကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ပြီး ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေပါ။ နောက်ပိုင်းကာလတွေမှာဆိုရင် ဆော်ဒီနိုင်ငံဟာ အာရပ်ကမ္ဘာမှာ အချက်အချာကျတဲ့ နိုင်ငံတနိုင်ငံဖြစ်လာလိမ့်မယ်လို့ ဆော်ဒီအစိုးရရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Ref: thenational.ae

You may also like these stories:

တခြားသူရဲ့ ဖုန်းကို ခွင့်ပြုချက် မရှိဘဲ ယူကြည့်ရင် ထောင်ဒဏ် ချမှတ်မယ့် ဆော်ဒီနိုင်ငံ

လက်မထပ်ရသေးတဲ့ ခရီးသွားတွေကို အတူ တည်းခိုခွင့်ပြုလိုက်တဲ့ ဆော်ဒီအစိုးရ

Did you find apk for android? You can find new Free Android Games and apps.
Loading