• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ဖက်ရှင်ချစ်သူတွေအတွက် အသုံးတည့်စေမယ့် မိုဘိုင်း Application ထွက်ရှိ

by ဟယ်လ်သင်
7 December 2019
in Trend
A A
Fashion++ လို့အမည်ပေးထားတဲ့ Application

Fashion++ လို့အမည်ပေးထားတဲ့ Application

4.6k
VIEWS
Share on FacebookShare on Twitter

ဖက်ရှင်ချစ်သူတွေနဲ့ ဖက်ရှင် စိတ်ဝင်စားသူတွေအတွက် မိမိနဲ့ သင့်တော် လိုက်ဖက်မယ့် အဝတ်အစားတွေ ရွေးချယ်ရခြင်းဟာ အနည်းငယ် ခေါင်းစားရတဲ့ ကိစ္စတခုပါ။ အဝတ်အစား များများစားစား ရှိသူတွေဆို ပိုခေါင်းစားရတဲ့ ကိစ္စဖြစ်ပြီး ဘယ်လို ဒီဇိုင်းမျိုး ဝတ်ဆင်မလဲ ဆိုတာကိုပါ နောက်ဆက်တွဲ အနေနဲ့ စဉ်းစားကြရပါတယ်။

အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Austin မြို့မှာရှိတဲ့ Texas တက္ကသိုလ်၊ Cornell နည်းပညာကုမ္ပဏီ၊ Georgia နည်းပညာကုမ္ပဏီနဲ့ Facebook AI Research တို့ ပါဝင်တဲ့ လေ့လာသူအဖွဲ့ဟာ ဖက်ရှင်စိတ်ဝင်စားသူတွေ၊ဖက်ရှင်လေ့လာနေသူတွေအတွက် ကိုယ်နဲ့ သင့်တော်၊ မတော်၊ လိုက်ဖက်မှု ရှိ၊ မရှိကို ဆုံးဖြတ်ပေးမယ့် Application တခု ဖန်တီးထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
393
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
826
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

Fashion++ လို့ အမည်ပေးထားတဲ့ ဒီ Application ဟာ Alogrithms အခြေခံထားတဲ့ AI ကို အသုံးပြုထားတာဖြစ်ပြီး ပုံပေါင်း ၁ သောင်းကျော် ပါဝင်တဲ့ ဒေတာဘေ့စ်နဲ့ ပေါင်းစပ်ထုတ်လုတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ပုံပေါင်း ၁ သောင်းကျော်ကတော့ ဖက်ရှင် ဝက်ဘ်ဆိုက်တွေမှာ အသုံံးပြုသူတွေ ပြန်လည်မျှဝေခဲ့တဲ့ပုံတွေဖြစ်ပြီး Application ကတော့ အရောင်၊ ပုံစံ၊ ဒီဇိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပေးမှာပါ။

ဒါ့အပြင် ဖန်တီးသူတွေဟာ အသုံးပြုသူတွေနဲ့ မလိုက်ဖက်တဲ့ အဝတ်အစား ဒီဇိုင်းတွေကို ဥပမာ အနေနဲ့ ပြသဖို့ Application ကို ပရိုဂရမ် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အဝတ်အစားတပုံချင်းစီ ရိုက်ကူးပြီးလို့ Application ထဲကို Upload လုပ်လိုက်တဲ့အခါမှာလည်း လိုက်ဖက်မှု ရှိ၊ မရှိကို သုံးသပ် ကူညီပေးသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Application ကိုတော့ စမ်းသပ်ထုတ်လုပ်နေဆဲဖြစ်ပြီး ထွက်ရှိလာတဲ့အခါမှာလည်း ပိုမိုပြည့်စုံတဲ့ ဗားရှင်းတွေနဲ့ မြှင့်တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Texas တက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ Kristen Grauman ကတော့ “ လူတွေရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ပေါ်မူတည်ပြီး ဘယ်လို ဖက်ရှင်မျိုးနဲ့ လိုက်ဖက်လဲဆိုတာကို Application ကတဆင့် တုံ့ပြန်နိုင်ဖို့ ကျနော်တို့ဘက်က ပုံဖော်နေပါပြီ။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အခုလို Application တခုကို အတူတကွ ဖော်ဆောင်ရတာ စိတ်လှုပ်ရှားစရာပါပဲ” လို့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။

Ref. www.intelligentliving.com

You may also like these stories:

စမတ်ဖုန်းအတွင်း ထားဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိ Application များ

ဖုန်း Application တွေအတွက် ကမ္ဘာလုံးဆိုင်ရာ အသုံးစရိတ် ဒေါ်လာ ၄၀ ဘီလျံ ရှိနေ

အီလက်ထရောနစ် ဆိုက်ရောက် ကတ်ပြားစနစ် စတင်တော့မယ့် စင်ကာပူနိုင်ငံ

အမှိုက်သိမ်းရာဆီ အလိုအလျောက် သွားနိုင်တဲ့ စမတ်အမှိုက်ပုံး

Your Thoughts …
Tags: ဖက်ရှင် Application
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

No Content Available
Next Post
ကလေးငယ်များအား မကြာခဏ ပွေ့ဖက်ခြင်း ပြုလုပ်ပေးသင့်တယ်လို့ ဆိုပါတယ်။

ပွေ့ဖက်ခံရမှုများတဲ့ ကလေးတွေဟာ ဦးနှောက်ဉာဏ်ရည် ပိုမြင့်မားကြောင်း လေ့လာတွေ့ရှိ

ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ဂေးရှားမယ်တွေနဲ့ Selfie ရိုက်ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ Selfie ဓာတ်ပုံ မရိုက်ဖို့ တားမြစ်ထားတဲ့ နေရာများ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate