Trend

ကျား၊ ခြင်္သေ့စတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်ရင်း တည်းခိုနိုင်မယ့် ဟိုတယ်

Want create site? Find Free WordPress Themes and plugins.

တောရိုင်း တိရစ္ဆာန်တွေကို လေ့လာလိုပြီး စူးစမ်းရှာဖွေလိုသူ ခရီးသွားတွေအတွက် အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ ရှားပါးကျားနဲ့ ခြင်္သေ့ မျိုးစိတ်တွေနဲ့အတူ နီးနီးကပ်ကပ် နေထိုင်ရင်း တည်းခိုနိုင်မယ့် ကမ္ဘာ့ပထမဆုံး ဟိုတယ်တခု ယူကေနိုင်ငံမှာ တည်ရှိနေပြီ ဖြစ်ပါတယ်။

ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Port Lympne Hotel and Reserve Kent ဟာ အပန်းဖြေဥယျာဉ်ရဲ့ အလယ်တည့်တည့်မှာ တည်ဆောက်ထားတာဖြစ်ပြီး ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံ ရယူလိုသူ ခရီးသွားတွေနဲ့ အမြဲလိုလို ပြည့်နေတတ်တဲ့ နေရာတခုအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အခန်းတွေကို မိမိ နီးနီးကပ်ကပ် လေ့လာလိုတဲ့ ကျား၊ ခြင်္သေ့စတဲ့ တိရစ္ဆာန်တွေအပြင် ဝံပုလွေ၊ ဝက်ဝံ စတဲ့ တိရစ္ဆာန်တွေအထိ စိတ်ကြိုက်ရွေးချယ် တည်းခိုနိုင်ပါတယ်။

လက်မ အနည်းငယ်သာ ကွာဝေးတဲ့ နေရာတခုမှာ ဖော်ပြပါ တိရစ္ဆာန်တွေ ရှိမှာဖြစ်ပြီး ဒီဟိုတယ်မှာ တည်းခိုသူတွေအနေနဲ့ သက်သောင့်သက်သာ နေထိုင်ရင်း တောရိုင်း တိရစ္ဆာန်တွေနဲ့အတူ နီးနီးကပ်ကပ် ရှိနေတယ်လို့ ခံစားကြရမှာ ဖြစ်ပါတယ်။

ဒီဟိုတယ်မှာ တည်းခိုသူတွေ အများဆုံး ရွေးချယ်လေ့ရှိတဲ့ တည်းခိုခန်းကတော့ ခြင်္သေ့တွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အခန်းတွေကို ရွေးချယ်လေ့ ရှိပြီး အခန်းတိုင်းကို ကြီးမားလှတဲ့ မှန်နဲ့ ပြတင်းတံခါးတွေ၊ Master Bedroom တွေအပြင် လွတ်လပ်တဲ့ အရသာကို ခံစားနိုင်ဖို့ ဟင်းလင်းပြင်ပုံစံ အတိုင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။

တည်းခိုသူတွေအနေနဲ့အတူ ကလေးတွေပါ လိုက်ပါလာခဲ့မယ်ဆိုရင်တော့ သီးသန့် ကုတင်နှစ်လုံး ထားရှိပေးထားမှာဖြစ်ပြီး အခန်းတိုင်းမှာ မီနီဘားတခု၊ ခမ်းနားတဲ့ မီးဆိုင်းတွေအပြင် သီးသန့် လှေကားထစ် စိုက်ခင်းနဲ့ ဥယျာဉ်ငယ်တခုစီ ပါဝင်တဲ့ ဝန်ဆောင်မှုကိုပါ ရရှိခံစားနိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါတွေအပြင် တည်းခိုသူတွေအတွက် မနက်စာ၊ ဥယျာဉ်တွင်း အခမဲ့ လည်ပတ်ခွင့်တွေအပြင် Howletts တောရိုင်းတိရစ္ဆာန်ကိုပါ အပြည့်အဝ သွားရောက် လည်ပတ်လေ့လာနိုင်ရေးတို့အတွက် တညတာ တည်းခိုခ ကုန်ကျစရိတ်ကတော့ ပေါင် ၁၇၅၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ ကျား၊ ဝံပုလွေ၊ ဝက်ဝံံတွေနဲ့ နီးကပ်တဲ့ အခန်းတွေအတွက်တော့ ပေါင် ၁,၀၀၀၊ ၅၄၉ ပေါင်နဲ့ ၃၅၀ ပေါင်အထိ အသီးသီးကျသင့်မှာ ဖြစ်ပါတယ်။

Ref. moon-child.net

Did you find apk for android? You can find new Free Android Games and apps.
Loading