အဝတ်အစားတွေကို ရောင်းချတာအပြင် ငှားရမ်းတဲ့စနစ်ကိုပါ စတင်နေပြီဖြစ်တဲ့ H&M
လူကြိုက်များသလို ဖက်ရှင် စိတ်ဝင်စားသူတွေအပေါ်မှာလည်း လွှမ်းမိုးနိုင်တဲ့ ကမ္ဘာကျော်အဝတ်အစား Brand တခုဖြစ်တဲ့ H&M ဟာဆိုရင် အဝတ်အစားတွေကို ရောင်းချတာအပြင် ငှားရမ်းတော့မယ့် စနစ်ကိုပါ စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။
တခါတရံ ပွဲတက်တာ၊ မင်္ဂလာဆောင် အခမ်းအနားသွားတာမျိုးလောက်နဲ့ အင်္ကျီတစုံလုံးကို တန်ဖိုးကြီး ပေးဝယ်စရာ မလိုဘဲ အလွယ်တကူ ငှားရမ်းဝတ်ဆင်ပေးနိုင်အောင်လို့ စီစဉ်ပေးနေပါတယ်။
H&M အနေနဲ့ အခုလို အဝတ်အစားတွေကို ရောင်းချပေးတာအပြင် ငှားရမ်း ဝတ်ဆင်နိုင်မယ့် စနစ်ကိုပါ စတင်လိုက်တဲ့အတွက် ဖက်ရှင်ချစ်သူတွေ အပါအဝင် အမျိုးသမီး တော်တော်များများကတော့ အကြိုက်တွေ့နေကြတာ အမှန်ပါ။ ပွဲတက်အဝတ်အစားတွေဟာ ထသွားထလာ ဝတ်ဆင်ဖို့အတွက် အဆင်မပြေနိုင်တာကြောင့် တခါဝယ်ပြီး ချောင်ထိုးထားရတဲ့ အဖြစ်မျိုး မဖြစ်ရအောင် H&M အနေနဲ့ အငှားဝန်ဆောင်မှုစနစ်ကိုပါ အစပျိုးလိုက်တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး H&M က တာဝန်ရှိသူတဦးက “အဝတ်အစား ရောင်းချတာအပြင် Customer တွေဘက်ကိုလည်း ပြန်ပြီး စဉ်းစားပေးတဲ့အလုပ်မျိုးကို ကျနော်တို့အနေနဲ့ အမြဲစီစဉ်နေတာပါ။ ပွဲတက်ဖက်ရှင်တွေ၊ အဝတ်အစား ဒီဇိုင်းတွေဟာ အမြဲမပြတ် အသစ်အသစ်တွေ ထွက်နေတာကြောင့် တခါဝယ်ပြီး မဝတ်ဖြစ်တော့တာမျိုးတွေ မဖြစ်ရအောင် အခုငှားရမ်းတဲ့စနစ်က Save ဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်” လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာတော့ အနေနဲ့ အဝတ်အစားရောင်းချတာအပြင် ငှားရမ်းတဲ့စနစ်ကို ယုံကြည်ရတဲ့ ဝယ်နေကျ Customer တွေနဲ့သာ စတင်သွားမှာဖြစ်တယ်လို့ သိရပြီး အဝတ်အထည်ပေါင်း ၅၀ ခန့်နဲ့ အစပြုသွားမယ်လို့လည်း သိရပါတယ်။
H&M Customer တွေအနေနဲ့ကတော့ အဝတ်အစားတွေကို Sale ချပြီး ရောင်းချပေးတာထက် အခုစတင်လိုက်တဲ့ ငှားရမ်းတဲ့စနစ်ကို ပိုမိုစိတ်ဝင်စားနေကြပြီး ဒီစနစ်ကို Banana Republic နဲ့ Urban Outfitters တို့ကလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။
Ref. www.ecowatch.com
You may also like these stories:
ဖက်ရှင်ချစ်သူတွေအတွက် အသုံးတည့်စေမယ့် မိုဘိုင်း Application ထွက်ရှိ
“Fashion Week တွေကို သေသွားမှ ရပ်မယ်”လို့ ဂျွန်လွင် ပြော
“ကာရိုက်တာတခုအတွက် အဝတ်အစားက အများကြီး ပံ့ပိုးတယ်”လို့ ခိုင်သင်းကြည် ပြော