Trend

ဧည့်ပရိသတ်တွေ ရှေ့မှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ခွေးစုံတွဲ

Want create site? Find Free WordPress Themes and plugins.

ဒေါ့တီနဲ့ ဖီဂျီလို့ အမည်ရတဲ့ ခွေး ၂ ကောင်ဟာ လူတွေ လက်ထပ်ပွဲ ကျင်းပသလို အခမ်းအနားနဲ့ လက်ထပ်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ဧည့်ပရိသတ် ၅၀ ကျော် တက်ရောက်ခဲ့ပြီး လက်ထပ်တဲ့ ခွေးမောင်နှံကို ကောင်းချီး မင်္ဂလာပေးခဲ့ကြပါတယ်။

မင်္ဂလာပွဲကို အင်္ဂလန်နိုင်ငံ၊ Stoke-sub-Hamdon မြို့မှာ ကျင်းပခဲ့ပြီး လူ ဇနီးမောင်နှံ ၂ ယောက် မင်္ဂလာပွဲ လုပ်သလို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ သတို့သမီးက အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး သတို့သားကတော့ အမည်းရောင် အနောက်တိုင်းဝတ်စုံကို ကျကျနန ဝတ်ဆင်ထားခဲ့ပါတယ်။

သတို့သမီး လျှောက်လမ်းကို လျှောက်လာချိန်မှာ “All You Need is Love” နဲ့ “It Must Be Love” စတဲ့ ကမ္ဘာကျော် တေးဂီတတွေကို ဖွင့်ထားပေးခဲ့ပြီး မင်္ဂလာကိတ်ပါ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို အသက် ၆၀ အရွယ် Pippa Hamilton လို့ အမည်ရတဲ့ အမျိုးသမီးက စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

“ကျမရဲ့ အလုပ်က သူတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပပေးဖို့ပါပဲ။ အစပိုင်းမှာ လုပ်ပေးဖို့ တွန့်ဆုတ်ဆုတ် ဖြစ်နေပေမယ့် သူတို့ကို လုပ်ပေးဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ ကျမ အရင်က ဒါမျိုးတခါမှ မလုပ်ဖူးခဲ့ဘူး။ ဒါပေမယ့် ချစ်တဲ့သူတွေအတွက် လုပ်ပေးရတာပဲလေ။ ဒါက ဝမ်းသာစရာပါပဲ။ ဘယ်လိုဘဝကို ရောက်နေတဲ့သူဖြစ်ဖြစ် ချစ်သူနဲ့ အခုလို လက်ထပ်ခွင့်ကို လိုချင်တာတာပဲလေ”လို့ သူမက ပြောပါတယ်။

ခွေး ၂ ကောင်ဟာ ခင်မင်ရင်းနှီးနေတာ ကြာပြီဖြစ်လို့ အခုလို လက်ထပ်ပေးရတာဖြစ်ကြောင်းနဲ့ သူတို့ကို ဒီထက်ပိုပြီး နီးစပ်အောင် လုပ်ပေးချင်လို့ ပိုင်ရှင်တယောက်အနေနဲ့ အခုလို လုပ်ပေးရတာ ဖြစ်ကြောင်းကိုလည်း Pippa Hamilton က ပြောပါတယ်။

ခွေး ၂ကောင် လက်ထပ်တဲ့ နေ့ကို အတိအကျ မသိခဲ့ရပေမယ့် လူမှုကွန်ရက်ပေါ်မှာတော့ အခုလို လက်ထပ်ပွဲ ကျင်းပခဲ့တာဟာ ချစ်စရာကောင်းကြောင်း ပြောတဲ့ မှတ်ချက်တွေ ပျံ့နှံ့သွားခဲ့ပါတယ်။

Ref. dailystar

You may also like these stories:

မွေးစားမယ့်သူမရှိတဲ့ ခွေးလေးတွေကို ဘီယာဘူးမှာထည့်ပြီး ကြော်ငြာပေးတဲ့ ဘီယာကုမ္ပဏီ

အချိန် ၁ နာရီလောက်ကြာအောင် ကားမောင်းခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က ခွေးလေး

သြစတေးလျ တောမီးလောင်မှုမှာ ကိုအာလာ ဝက်ဝံတွေကို လိုက်လံ ရှာဖွေပေးခဲ့တဲ့ ခွေးလေး

Did you find apk for android? You can find new Free Android Games and apps.
Loading