Trend

ပါကစ္စတန် အမျိုးသမီး ၆၀၀ ကျော် တရုတ်နိုင်ငံသို့ ရောင်းစားခံရ

Want create site? Find Free WordPress Themes and plugins.

မိန်းကလေးတွေကို မယားငယ်အဖြစ် ဒါမှမဟုတ် ပြည့်တန်ဆာအဖြစ် တရုတ်နိုင်ငံသားတွေက ဝယ်ယူနေကြပါတယ်။ ဒီပြဿနာဟာ မြန်မာနိုင်ငံမှာလည်း ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပြီး မြန်မာ မိန်း ကလေးအများစုလည်း တရုတ်နိုင်ငံကို တရားမဝင် ရောင်းစားခံနေရပါတယ်။

တရုတ်နိုင်ငံသားတွေအနေနဲ့ မိန်းကလေးတွေကို တရားမဝင် ဈေးကွက်ကနေ တဆင့်ဝယ်ယူပြီး အမြှောင်မယား သို့မဟုတ် ပြည့်တန်ဆာအဖြစ် ထားရှိကြပါတယ်။ အမြှောင်မယားဆိုတာ ရှေးတုန်းကသုံးခဲ့ကြတဲ့ အသုံးအနှုန်းဖြစ်ပြီး မယားငယ်လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာမိန်းကလေး အများစုလည်း တရုတ်နိုင်ငံသားတွေရဲ့ အမြှောင်မယား သို့မဟုတ် ပြည့်တန်ဆာအဖြစ် ရောင်းစားခံနေရပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ အမြှောင်မယား ပြဿနာကို ရင်ဆိုင်နေရတဲ့အထဲ ပါကစ္စတန် အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ ၂၀၁၈ ကနေ ၂၀၁၉ (၁၈ လ) အတွင်း ပါကစ္စတန် အမျိုးသမီး ပေါင်း ၆၂၉ ယောက် တရုတ်နိုင်ငံကို ရောင်းစားခံခဲ့ရပါတယ်။

ရောင်းစားခံခဲ့ရတဲ့ ပါကစ္စတန်အမျိုးသမီးတွေရဲ့ မှတ်ပုံတင်၊ တရုတ် ခင်ပွန်းတွေရဲ့ နာမည်နဲ့ လက်ထပ် ထိမ်းမြားခဲ့တဲ့ နေ့ရက်တွေကို ပါကစ္စတန်နိုင်ငံက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ Associated Press ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံကို ရောင်းစားခံခဲ့ရတဲ့ ပါကစ္စတန် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရပြီး ပြည့်တန်ဆာလုပ်ငန်းတွေမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီး ၆၂၉ ယောက်စလုံးဟာ မိဘတွေက လူကုန်ကူးသူတွေကို ရောင်းချခဲ့တာပဲ ဖြစ်တာပဲ။ ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေရဲ့ မိသားစုတွေဟာ ဆင်းရဲ နွမ်းပါးကြသူတွေချည်းပါ။ ဒါကြောင့်လည်း ကြံရာမရတဲ့အဆုံး မိဘတွေကိုယ်တိုင်က လူကုန်ကူးသူတွေဆီကို ရောင်းချခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ အရာရှိတဦးရဲ့ ပြောပြချက်အရဆိုရင်တော့ တရုတ်နိုင်ငံကို ပါကစ္စတန် မိန်းကလေးတွေ ရောင်းချတဲ့အလုပ်က အကျိုးအမြတ်များတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ သိရပြီး ပါကစ္စတန် မိန်းကလေးတယောက်ကို ရူပီး ၄ သန်း နဲ့ ၁၀ သန်းကြားပေးပြီး တရုတ်နိုင်ငံသားတွေက ဝယ်ယူလေ့ရှိကြပေမယ့် မိန်းကလေး မိသားစုကတော့ ရူပီး ၂ သိန်းသာ ရရှိပါတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းဟာ ပါကစ္စတန်နိုင်ငံမှာ အကျိုးအမြတ်များတဲ့ လုပ်ငန်းတခု ဖြစ်လာခဲ့ပါတယ်။

နောက်ထပ် အရာရှိတယောက်ကလည်း တိုင်းတပါးကို ရောင်းစားခံနေတဲ့ မိန်းကလေးတွေကို ကူညီဖို့ ဘယ်သူမှ စိတ်မထက်သန်ကြတဲ့အတွက် မိန်းကလေးတွေဟာ အကူအညီကင်းမဲ့တဲ့ ဘဝတွေကို ရောက်နေကြရပါတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းဟာ ပါကစ္စတန်နိုင်ငံမှာ ကြီးထွားလာနေတယ်လို့ ပြောပါတယ်။

ဒီလိုဖြစ်နေရတာဟာ လူကုန်ကူးသူတွေ ကိုယ်တိုင်က ဒီပြစ်မှုတွေက လွတ်မြောက်နိုင်မယ့် လမ်း ကြောင်းကို သိရှိထားကြပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်မယ်ဆိုရင်လည်း သူတို့က အတင်းအဓမ္မ ဖိအားပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း ပါကစ္စတန်နိုင်ငံက ခရစ်ယာန်ဘာသာ ကိုးကွယ်သူ မိန်းကလေး ရာနဲ့ချီပြီး တရုတ်နိုင်ငံကို အတင်းအဓမ္မ ရောင်းစားခံခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လူဦးရေ အနည်းငယ်သာရှိတဲ့ ခရစ်ယာန်မိန်းကလေးတွေဟာ လူကုန်ကူးသူတွေရဲ့ပစ်မှတ် ဖြစ်လာနေပါတယ်။

နောက်ထပ် ဆိုးရွားတဲ့အချက်ကတော့ အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတဲ့ ကိစ္စပါ။ ပါကစ္စတန် အစိုးရအနေနဲ့ လူကုန်ကူးမှုတွေကို ဝင်ရောက် ဖြေရှင်းပေးရမှာဖြစ်သလို ခရစ်ယာန်နဲ့ ဟိန္ဒူ အမျိုးသမီးတွေကို မွတ်စလင်တွေနဲ့ အတင်းအဓမ္မ လက်ထပ်ခိုင်းပြီး ဘာသာပြောင်းခိုင်းတဲ့ ကိစ္စတွေကိုလည်း အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပါတယ်။

Ref: christianpost, abc.net.au, thediplomat

ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာ ခရီးသွားလုပ်ငန်း ပြန်လည် ထွန်းကားလာဖို့ မျှော်လင့်

ပါကစ္စတန်နိုင်ငံက မီးရထားတစင်း မီးလောင်မှုကြောင့် လူများစွာ သေဆုံး

ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading