Trend

ဗိုက်ဆာလို့ ဒေါ်လာ ၁၂၀၀၀၀ တန် အနုပညာ ဖန်တီးမှုကနေ ငှက်ပျောသီး ယူစားခဲ့တဲ့ အမျိုးသား

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ မိုင်ယာမီကမ်းခြေက အနုပညာ ပြခန်းတခုမှာ ပြသထားတဲ့ ဒေါ်လာ ၁၂၀,၀၀၀ တန် ငှက်ပျောသီး အနုပညာဖန်တီးမှုက ငှက်ပျောသီးကို သရုပ်ပြ အနုပညာရှင်တဦးက ယူပြီးစားသောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အီတလီ အနုပညာရှင်တဦး ပြုလုပ်ထားတဲ့ အဲဒီ အနုပညာလက်ရာကို နယူးယောက်က အနုပညာရှင်ဖြစ်တဲ့ David Datuna က ဗိုက်ဆာလို့ ယူစားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးလို့ အမည်ပေးထားတဲ့ ဒီအနုပညာလက်ရာကို ပုံစံ ၃ ခုပြုလုပ်ထားတာဖြစ်ပြီး ၂ ခုကတော့ ရောင်းထွက်ပြီး ဖြစ်ပါတယ်။

ဒီလို ယူစားလိုက်တဲ့ ပြဿနာဟာ စနေနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြခန်းကို တည်ထောင်သူကတော့ “ဒီအနုပညာ ဖန်တီးမှုဟာ ငှက်ပျောသီးမှ မဟုတ်ဘူး။ ဘာနဲ့ ဖြစ်ဖြစ် ဖန်တီးလို့ရပါတယ်။ အဓိကပြသချင်တာက ငှက်ပျောသီးကို မဟုတ်ဘူးဆိုတာကို သိထားဖို့ လိုတယ်”လို့ ပြောပါတယ်။

အနုပညာ ဖန်တီးမှုကတော့ ငှက်ပျောသီး တလုံးကို တိပ်နဲ့ နံရံမှာ ကပ်ထားတာ ဖြစ်ပါတယ်။ ဒီဖန်တီးမှုက ကမ္ဘာကုန်သွယ်ရေးကို ပြသချင်တာဖြစ်ပြီး သရော်တဲ့ ပုံစံမျိုးကို ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။

“David Datuna က အနုပညာကို ဖျက်ဆီးခဲ့တာ မဟုတ်ပါဘူး။ ဖန်တီးသူကိုယ်တိုင်ကလည်း ငှက်ပျောသီးကို ပြန်လည် အစားထိုးလို့ ရတယ်လို့ ပြောထားပါတယ်”လို့ ပြခန်းရဲ့ ဒါရိုက်တာ Lucien Terras က ပြောပါတယ်။

Ref. theguardian

You may also like these stories:

နံရံမှာ ငှက်ပျောသီးကို တိပ်နဲ့ကပ်ထားတဲ့ အနုပညာလက်ရာ ဒေါ်လာ ၁၂၀၀၀၀ နဲ့ ရောင်းထွက်

ရေခဲမုန့် အရသာရှိတဲ့ အပြာရောင် ငှက်ပျောသီး တမျိုး လူမှုကွန်ရက်မှာ ရေပန်းစားနေ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထောပတ်သီးဆူရှီ ပြုလုပ်နည်း

Did you find apk for android? You can find new Free Android Games and apps.
Loading