အမေရိကန် လွှတ်တော်အမတ်တဦးဖြစ်တဲ့ Duncan Hunter ဟာ ကမ်ပိန်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ခန့်ကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
သုံးခဲ့တဲ့ ငွေထဲမှာ အိမ်မွေး ယုန်အတွက် လေယာဉ်လက်မှတ် ဝယ်ပေးခြင်းအတွက် ဒေါ်လာ ၆၀၀ ကျော် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ရန်ပုံငွေ အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကယ်လီဖိုးနီးယား အထက်လွှတ်တော် အမတ်ဖြစ်တဲ့ Duncan Hunter က နုတ်ထွက်တော့မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စနေနေ့က တရားဝင်ပြောခဲ့ပါတယ်။
ကယ်လီဖိုးနားပြည်နယ်၊ San Diego မြို့ရဲ့ လွှတ်တော်အမတ် Duncan Hunter ဟာ ရန်ပုံငွေက ရတဲ့ ငွေတွေကို အစားအသောက်၊ ရုပ်ရှင်လက်မှတ်၊ ဗီဒီယိုဂိမ်း၊ ခွေးစာ စတာတွေမှာ အသုံးပြုခဲ့တာဖြစ်ပြီး အီတလီနိုင်ငံကို သွားရောက် လည်ပတ်ချိန်မှာလည်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
သူဟာ အမေရိကန်နိုင်ငံက ပါတီကြီးတခုမှာ ၂၀၀၈ ခုနှစ်ကတည်းက အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း သူတို့ မိသားစုရဲ့ ငွေကြေးသုံးစွဲနိုင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
အစိုးရရုံးရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်အထက်လွှတ်တော်အမတ် Duncan Hunter ဟာ ပါတီကထုတ်ပယ်ခြင်းကို ခံရမယ့် အပြင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကိုပါ ထမ်းဆောင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။
Ref. CNN
You may also like these stories:
ဗိုက်ဆာလို့ ဒေါ်လာ ၁၂၀၀၀၀ တန် အနုပညာ ဖန်တီးမှုကနေ ငှက်ပျောသီး ယူစားခဲ့တဲ့ အမျိုးသား
ပါကစ္စတန် အမျိုးသမီး ၆၀၀ ကျော် တရုတ်နိုင်ငံသို့ ရောင်းစားခံရ