Time မဂ္ဂဇင်းရဲ့ "Person of the Year" အဖြစ် ဆွီဒင်ကျောင်းသူ Greta Thunberg သတ်မှတ်ခံရ
ရာသီဥတု ပြောင်းလဲမှုကို တကမ္ဘာလုံးကနေ တိုက်ဖျက်ဖို့ တွန်းအားပေးနေတဲ့ ဆွီဒင်ကျောင်းသူ Greta Thunberg ဟာ Time မဂ္ဂဇင်းရဲ့ ၂၀၁၉ ခုနှစ်အတွက် “Person of the Year” အဖြစ် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ Thunberg ဟာ ၁၉၂၇ ခုနှစ်ကနေ စတင်ခဲ့တဲ့ Time မဂ္ဂဇင်းရဲ့ အစဉ်အလာထဲမှာ ပါဝင်လာခဲ့တဲ့ အသက်အငယ်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီကြေညာချက်ကို မထုတ်ပြန်မီ မက်ဒရစ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီး ညီလာခံမှာ သူက နောက်လာမယ့် ဆယ်စုနှစ်ဟာ ကမ္ဘာဂြိုဟ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ လက်တွေ့လုပ်ဆောင်မှုကို ရှောင်လွှဲပြီး “ဖန်တီးမှု အားကောင်းတဲ့ PR” ကို အသုံးပြုနေတာတွေ ရပ်တန့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အဲ့ဒီကျောင်းသူလေးဟာ ဆွီဒင်ပါလီမန် အပြင်ဘက်မှာ ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြမှုတခုကို စတင်ခဲ့ပြီး #FridaysForFuture ဆိုတဲ့ hashtag နဲ့အတူ သူ့ရဲ့ လှုပ်ရှားမှုဟာ ကမ္ဘာတဝန်းအထိ နာမည် ကျော်ကြားလာခဲ့ပါတယ်။ အဲ့ဒီနောက်တော့ သူဟာ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ပြင်းပြင်းထန်ထန် လှုံ့ဆော်ပြောဆိုလာခဲ့ပြီး အခုနှစ် အစောပိုင်းကစလို့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့သူတယောက် ဖြစ်လာခဲ့တဲ့အပြင် နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံခဲ့ရပါတယ်။
အခုလိုမျိုး Time မဂ္ဂဇင်းရဲ့ ဆုံးဖြတ်ချက်ကို NBC ရုပ်သံလိုင်းမှာ ကြေညာခဲ့တဲ့ အယ်ဒီတာချုပ် Edward Felsenthal က “သူဟာ အခုနှစ် ဒီကမ္ဘာဂြိုဟ်မှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးပြဿနာ အတွက် အကြီးမားဆုံး အသံကျယ်ကျယ်လောင်လောင် ထွက်ပေးနိုင်တဲ့သူ ဖြစ်လာခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဦးဆောင်ရဖို့ ဖြစ်လာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Man of the Year ဆိုပြီး စတင်ခဲ့တဲ့ မဂ္ဂဇင်းရဲ့ အစဉ်အလာဟာ တနှစ်တာအတွင်း ဖြစ်ရပ်တွေကို လွှမ်းမိုးအထားနိုင်ဆုံးဖြစ်ပြီ
Ref: BBC
You may also like these stories:
ရာသီဥတုပြောင်းလဲလာမှုဟာ နောင်မျိုးဆက်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်
ဗိုက်ဆာလို့ ဒေါ်လာ ၁၂၀၀၀၀ တန် အနုပညာ ဖန်တီးမှုကနေ ငှက်ပျောသီး ယူစားခဲ့တဲ့ အမျိုးသား