ပြည်ပကို ပြောင်းရွှေ့ အခြေချနေထိုင်ဖို့ အသင့်တော်ဆုံး နိုင်ငံ ၂၀
လူတွေအနေနဲ့ ရေကြည်ရာ မြက်နုရာဆိုသလို ကိုယ့်အတွက် အဆင်ပြေနိုင်မယ့်အရပ်ကို ပြောင်းရွှေ နေထိုင်လေ့ ရှိကြပါတယ်။ ဒီလို ပြောင်းရွှေ့နေထိုင်ရတဲ့ အကြောင်းကလည်း နဂိုနေထိုင်ရာ အရပ်ထက် ပိုမိုကောင်းမွန်တယ်လို့ ယူဆတဲ့အတွက်ကြောင့်ပါ။
လူတွေရဲ့နေ့စဉ်ဘဝမှာ စားဝတ်နေရေးက အရေးကြီးတဲ့ အခန်းကဏ္ဍက ရှိနေတာကြောင့်လည်း ကိုယ့်အတွက် အဆင်ပြေမယ့် အရပ်ကို လူတွေပြောင်းရွှေ့နေထိုင်ကြပါ
သုတေသနသမားတွေအနေနဲ့ နေရပ် ပြောင်းရွှေ့နေထိုင်ရခြင်း အကြောင်းကို လေ့လာတဲ့အခါ စီးပွားရေးအခွင့်အလမ်း၊ လူနေမှု အဆင့်အတန်းစတဲ့ အချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်လေ့ရှိကြပါတယ်။ အကြောင်းအရာတခုတည်းကို သုတေသနပြုတာချင်း တူပေမယ့် အခြေခံတဲ့ အချက်အလက်တွေက တူညီလေ့ မရှိကြတဲ့အတွက် ရလဒ်တွေကလည်း ကွဲပြားမှု ရှိပါတယ်။
အခုဖော်ပြမယ့်အကြောင်းအရာတွေကို
HSBC ဟာ ကမ္ဘာ့သတ္တမမြောက် အကြီးဆုံးဘဏ်ဖြစ်ပြီး ဥရောပမှာဆိုရင်လည်း အကြီးမားဆုံးဘဏ် ဖြစ်ပါတယ်။ မူလကတော့ ဟောင်ကောင်မှာ အခြေစိုက်ပေမယ့် ၁၉၉၁ ခုနှစ်မှာတော့ လန်ဒန်ကိုပြောင်းရွှေ့အခြေစိုက်
ပြည်ပပြောင်းရွှေ့ နေထိုင်သူတွေအတွက် HSBC က ထုတ်ပြန်တဲ့စာရင်းအရ အဆင်အပြေဆုံး နိုင်ငံတွေကတော့ စင်ကာပူ၊ နယူးဇီလန်၊ ဂျာမနီ၊ ကနေဒါ၊ ဘာရိန်းစတဲ့ နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၂၀ ကိုရွေးချယ်ပေးခဲ့ပါတယ်။ HSBC ရဲ့ စာရင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့
ထိုင်းနိုင်ငံ ပါဝင်ခြင်း မရှိရတာကလည်း သုတေသနသမားတွေအခြေခံတဲ့ အချက်အလက်တွေ ကွဲပြားတဲ့အတွက်ကြောင့်ပါ။ HSBC စစ်တမ်းမှာ ထိုင်းနိုင်ငံ မပါဝင်ပေမယ့် InterNations က ကောက်ယူထားတဲ့စစ်တမ်းမှာတော့ နံပါတ် ၂၅ နေရာက ပါဝင်ပါတယ်။
HSBC ရဲ့ စစ်တမ်းမှာတော့ ပြည်ပနိုင်ငံကို ပြောင်းရွှေ့အခြေချပြီး အလုပ်လုပ်ကိုင်ချင်သူတွေအတွက် ဆွစ်ဇာလန်နိုင်ငံကို အကောင်းဆုံးနိုင်ငံအဖြစ် ဖော်ပြထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသားတယောက်ရဲ့ တနှစ်ပျမ်းမျှဝင်ငွေက ဒေါ်လာ ၂ သိန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဆွစ်ဇာလန်နိုင်ငံဟာ နိုင်ငံခြားသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသာမက ကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်နဲ့
HSBC စစ်တမ်းရဲ့ဖော်ပြချက်အရ ပြောင်းရွှေ့နေထိုင်ဖို့ အသင့်တော်ဆုံးနိုင်ငံ ၂၀ ကတော့
(၁) စင်ကာပူနိုင်ငံ
(၂) နယူးဇီလန်နိုင်ငံ
(၃) ဂျာမနီနိုင်ငံ
(၄) ကနေဒါနိုင်ငံ
(၅) ဘာရိန်းနိုင်ငံ
(၆) သြစတြေးလျနိုင်ငံ
(၇) ဆွီဒင်နိုင်ငံ
(၈) ဆွစ်ဇာလန်နိုင်ငံ
(၉) ထိုင်ဝမ်နိုင်ငံ
(၁၀) အာရပ်စော်ဘွားများပြည်ထောင်စု
(၁၁) ပြင်သစ်နိုင်ငံ
(၁၂) အိန္ဒိယနိုင်ငံ
(၁၃) အင်ဒိုနီးရှားနိုင်ငံ
(၁၄) စပိန်နိုင်ငံ
(၁၅) မလေးရှားနိုင်ငံ
(၁၆) မက္ကဆီကိုနိုင်ငံ
(၁၇) ဟောင်ကောင်
(၁၈) အိုင်ယာလန်နိုင်ငံ
(၁၉) ဗီယက်နမ်နိုင်ငံ
(၂၀) ရုရှားနိုင်ငံတို့ ဖြစ်ကြပါတယ်။
Ref: businessinsider.sg
You may also like these stories:
ကမ္ဘာ့ ဘေးရန်အကင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ ဆွစ်ဇာလန်နိုင်ငံ
အာရှတိုက်ရဲ့ အင်္ဂလိပ် စကားပြောစွမ်းရည် အမြင့်ဆုံး နိုင်ငံများ