Trend

အသက် ၁၂ နှစ် အရွယ်မှာ အိမ်ထောင်စကျပြီး ကလေး ၄၄ ယောက် မွေးခဲ့တဲ့ အာဂအမျိုးသမီး

လူတွေ မယုံကြည်နိုင်တဲ့ အဖြစ်အပျက်မျိုးဆိုတာ ကမ္ဘာပေါ်မှာ အမြဲတမ်း ရှိနေတတ်ပါတယ်။ တချို့ အရာတွေဆိုရင် လူပြောစကားနဲ့ ယုံကြည်နိုင်စရာအကြောင်း မရှိပါဘူး။ ဆိုရှယ်မီဒီယာ ထွန်းကားလာပြီးနောက်မှာ သတင်းတုတွေရော၊ သတင်းစစ်တွေပါ ပိုမိုရောထွေးလာပေမယ့်လည်း အခုဖော်ပြပေးမယ့် သတင်းကတော့ ယူဂန်ဒါနိုင်ငံမှာ တကယ်ရှိတဲ့ သတင်းမှန် တပုဒ်ပါ။

အသက် ၁၂ နှစ် အရွယ်မှာ အိမ်ထောင်စကျခဲ့ပြီး အသက် ၃၆ နှစ်အရွယ်မှာ ကလေး ၄၄ ယောက်ကို မွေးဖွားပြီးခဲ့တဲ့ အမျိုးသမီး တယောက်အကြောင်းပါ။ လက်ရှိမှာတော့ ဒီအမျိုးသမီးက အသက် ၄၀ ကျော် အရွယ် ရှိနေပြီဖြစ်ပြီး သူမွေးထားတဲ့ ကလေး ၄၄ ယောက်မှာ ၃၈ ယောက်က ဒီနေ့ထိ အသက်ရှင်နေတုန်းပါ။

အသက်ငယ်ငယ်နဲ့ ကလေးအများဆုံး မွေးဖွားခဲ့တဲ့ သူမကတော့ ယူဂန်ဒါနိုင်ငံသူ၊ မာရီယမ်နာဘာတန်ဇီ ဖြစ်ပါတယ်။ မာရီယမ်ဟာ သူမ အသက် ၁၂ နှစ်အရွယ်မှာပဲ အသက် ၄၀ အရွယ် အမျိုးသား တယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အမြွှာပူးတွေချည်းပဲ ဆက်တိုက် မွေးဖွားခဲ့ပါတယ်။ သူမ မွေးခဲ့တဲ့ ကလေးတွေထဲမှာ ၄ မြွှာပူး၊ ၃ မြွှာပူးနဲ့ ၂ မြွှာပူးတွေ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။

အသက် ၃၆ နှစ်မှာတော့ ယူဂန်ဒါအာဏာပိုင်တွေက ကလေး ဆက်မယူဖို့ တားမြစ်ခဲ့တဲ့အထိပါ။ ကလေးတွေ မွေးလွန်းအားကြီးလို့လည်း ယောကျ်ားဖြစ်သူက သူမကို ကွာရှင်းခဲ့ပါတယ်။ ယောကျ်ားဖြစ်သူက သူမကို ကွာရှင်းခဲ့တဲ့အချိန်မှာ ဝမ်းနည်းသောကတွေ ခံစားခဲ့ရပြီး မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ မာရီယမ်က ပြောပါတယ်။

ကလေးတွေရဲ့ စားဝတ်နေရေးက သူမတယောက်တည်း အပေါ်ကိုပဲ စုပြုံကျရောက်လာခဲ့တာကြောင့် မာရီယမ် တယောက် ကလေးတွေရဲ့ ရှေ့ရေးအတွက် ဘဝကို ကြိုးစားရုန်းကန်ခဲ့ရပါတယ်။

အခုလို ကလေးအမြွှာတွေချည်း မွေးဖွားခဲ့တဲ့အကြောင်းကတော့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုး ကြောင့်လို့ သိရပါတယ်။ ယူဂန်ဒါနိုင်ငံဟာ အာဖရိကမှာ ကလေးမွေးဖွားမှုနှုန်း မြင့်မားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပြီး အိမ်ထောင်တခုမှာ ပျမ်းမျှ ကလေး ၆ ယောက်နှုန်း မွေးဖွားလေ့ ရှိပါတယ်။ ယူဂန်ဒါနိုင်ငံ အတွက်တော့ မာရီယမ် မိသားစုကြီးက စံပြမိသားစုကြီးပါပဲ။

အသက် ၂၃ နှစ်အရွယ် ရောက်တဲ့အခါမှာတော့ မာရီယမ်မှာ ကလေးပေါင်း ၂၅ ယောက် ရှိနေခဲ့ပါပြီ။ ဒါကြောင့်လည်း တားဆေးစားဖို့ ဆရာဝန်တွေနဲ့ တိုင်ပင်ခဲ့ပေမယ့် သားဥအရေအတွက်က အဆမတန်မြင့်မားနေတဲ့အတွက်ကြောင့် တားဆေးစားဖို့ကိစ္စကို တုံးတိ မလုပ်သင့်တဲ့အကြောင်း ဆရာဝန်တွေက သူမကို အကြံပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဆရာဝန်တွေက သူမကို သားကြော ဖြတ်ပေးခဲ့ပါတယ်။ အခုဆိုရင် ကလေးတွေလည်း အရွယ်ရောက်လာကြပြီ ဖြစ်တဲ့အတွက် မာရီယမ်အနေနဲ့ မိသားစု တာဝန်ကို ထမ်းဆောင်နိုင်ခဲ့ပါပြီ။

Ref: thesun.co.uk, allthatsinteresting

You may also like these stories:

နောက်ထပ် ကလေးတယောက် မွေးစားဖို့ ပြင်နေတဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ

ဦးနှောက် သေဆုံးပြီးနောက် ၁၁၇ ရက်အကြာမှာ သမီးလေး မွေးဖွားခဲ့တဲ့ အမျိုးသမီး

ရန်ပုံငွေနဲ့ ကျောင်းကားဝယ်ပြီး ကလေးတွေကို ကျောင်းအကြိုအပို့ လုပ်ပေးတဲ့ ကျောင်းဆရာ

Loading