Trend

Ice Bucket Challenge ကို တီထွင်ခဲ့တဲ့ အမျိုးသား အသက် ၃၄ နှစ်မှာ ကွယ်လွန်

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ်က ကမ္ဘာတဝှမ်းမှာ ရေပန်းစားခဲ့တဲ့ Ice Bucket Challenge ကို တီထွင်ခဲ့တဲ့ အမျိုးသားဟာ အသက် ၃၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ Pete Frates လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ ၂၀၁၂ခုနှစ်ကတည်းက ကြွက်သား မလှုပ်ရှားနိုင်တဲ့ ရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး အဲဒီရောဂါကြောင့်ပဲ ကွယ်လွန်ခဲ့တာပါ။

Pete Frates တီထွင်ခဲ့တဲ့ Ice Bucket Challenge ဟာ ရေခဲကို ရေပုံးအကြီးကြီးထဲမှာ ထည့်ပြီး ခေါင်းပေါ်က လောင်းချရတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှုကို ကမ္ဘာကျော်တွေပါ ပြုလုပ်ခဲ့ပြီး ရောဂါရှာဖွေရေးအတွက် ရန်ပုံငွေတွေ ရှာဖွေပေးခဲ့ကြပါတယ်။

Pete Frates ဟာ ကြွက်သား မလှုပ်ရားနိုင်တဲ့ ရောဂါကြောင့် ဘီးတပ်ကုလားထိုင်ပေါ်မှာ အမြဲနေနေရသူဖြစ်ပေမယ့် Ice Bucket Challenge ကိုပြုလုပ်ပြီး သူ့လို ရောဂါဝေဒနာ ခံစားနေရသူတွေ အတွက် ရန်ပုံငွေ အမြောက်အများ ရှာဖွေပေးခဲ့သူလည်း ဖြစ်ပါတယ်။ Pete Frates ဟာ  ပြီးခဲ့တဲ့ တနင်္လာနေ့က နေအိမ်မှာ ငြိမ်းချမ်းစွာပဲ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“Pete က လူတိုင်းကို စိတ်ခွန်အားတွေ ဖြစ်စေခဲ့သူပါ။ တကမ္ဘာလုံးက စိတ်ဝင်စားလောက်မယ့် အရာကို ပြုလုပ်ပြီး လူအများ အကျိုးပြုသွားနိုင်ခဲ့တဲ့သူလည်း ဖြစ်တယ်။ ငယ်ငယ်ကတည်းက ခေါင်းဆောင်လိုစိတ် ရှိပြီးတော့ လူတွေကိုလည်း ကူညီချင်တဲ့သူ တယောက်အဖြစ် ရှင်သန်နေထိုင်ခဲ့တယ်”လို့ သူ့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Pete Frates ဟာ တက္ကသိုလ်တခုက ဘတ်စကစ်ဘော ကစားသမားတဦးဖြစ်ပြီး နိုင်ငံအသင်းအတွက် အသင်းသား ဖြစ်နိုင်အောင် ကြိုးစားနေစဉ် ပွဲတပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ဘီးတပ်ကုလားထိုင်မှာသာ နေရတဲ့အဖြစ်ကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

Pete Frates ရဲ့ Ice Bucket Challenge ကို ကြည့်ရှုပြီး ရန်ပုံငွေရှာပေးတဲ့ ဗီဒီယိုပေါင်း ၁၇ သန်းခန့် ရှိခဲ့ပြီး လှူဒါန်းငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။ ရရှိခဲ့တဲ့ လှူဒါန်းငွေ အားလုံးကို သူ့လိုဝေဒနာ ခံစားနေရသူတွေအတွက် ဖွဲ့စည်းထားတဲ့ ALS အဖွဲ့အစည်းကို လှူဒါန်းခဲ့ပါတယ်။

Ref. BBC

You may also like these stories:

Time မဂ္ဂဇင်းရဲ့ “Person of the Year” အဖြစ် ဆွီဒင်ကျောင်းသူ Greta Thunberg သတ်မှတ်ခံရ

ရန်ပုံငွေနဲ့ ကျောင်းကားဝယ်ပြီး ကလေးတွေကို ကျောင်းအကြိုအပို့ လုပ်ပေးတဲ့ ကျောင်းဆရာ

Did you find apk for android? You can find new Free Android Games and apps.
Loading