Trend

ချစ်သူက စွန့်ပစ်သွားတာကြောင့် ကိုယ့်ကိုယ်ကို မီးရှို့ကာ သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသား

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ အရှေ့တောင်ပိုင်းက ရပ်ကွက်တခုမှာ ရှိတဲ့ အရက်ဆိုင်တဆိုင်ရှေ့မှာ အမျိုးသားတဦးဟာ ကိုယ့်ကိုယ်ကို မီးရှို့ပြီး သေကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။ Morgan Baskett လို့ အမည်ရတဲ့ အသက် ၄၂နှစ်အရွယ် အမျိုးသားဟာ သူ့ချစ်သူ အလုပ်လုပ်တဲ့ အရက်ဆိုင်အရှေ့မှာ အခုလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ ချစ်သူနဲ့ ပြတ်စဲနေတာ ၁ လလောက်ကြာပြီဖြစ်ပြီး နောက်ပိုင်း ညှိနှိုင်းမှုတွေလည်း အဆင်မပြေတာကြောင့် သတ်သေဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ဆီကို ခေါင်းပေါ်က လောင်းချပြီး ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တာဖြစ်ပြီး မီးတောက်ကလည်း ၁၀ ပေကျော်အမြင့်အထိ ရှိတယ်လို့ သိရပါတယ်။ Morgan Baskett ရဲ့ ချစ်သူက ဓာတ်ဆီဘူးကို လိုက်ပြီး ဆွဲပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောပါတယ်။

“သူ့ကိုကြည့်ရတာ တုန်လှုပ်မှုတောင် မရှိသလိုပဲ။ သူ့တကိုယ်လုံး မီးစွဲနေတာတောင် ညည်းသံ၊ ငိုသံ မကြားရဘူး။ လူတိုင်းက ကိုယ့်ကို အပူနည်းနည်းလေး လောင်ရင်တောင် ဒီလောက် နာတတ်တာ။ သူက သူ့ကို သေခွင့်ပေးပါတော့လို့ပဲ ပြောနေတယ်”လို့ အဲဒီဖြစ်ရပ်ကို မြင်ခဲ့ရသူတဦးဖြစ်တဲ့ Ali က ပြောပါတယ်။

သူ့ကို ကြိုးစားကယ်တင်ပြီးနောက်မှာ နီးစပ်ရာဆေးရုံကို ပို့ပေးခဲ့ရပြီး ဆရာဝန်တွေက ကြိုးစားကယ်တင်နေတယ်လို့ သိရပါတယ်။

“သူ့မျက်နှာတခုလုံး ရစရာ မရှိတော့ဘူးဗျာ။ သူ့ကို မြင်ရတာ တကယ်စိတ်မကောင်းစရာပါ။ ကျနော်က သူ့ကို သူ့ချစ်သူနဲ့ ပြန်ပြီး အဆင်ပြေစေချင်တယ်။ ဒါပေမယ့် ကောင်မလေးက လက်မခံတာတော့ ကျနော်လည်း မတတ်နိုင်ဘူးပေါ့”လို့ Ali က သတင်းထောက်တွေကို ရှင်းပြပါတယ်။

Morgan Baskett နဲ့ သူ့ချစ်သူတို့ဟာ ချစ်သူသက်တမ်း ၁ လ လောက်သာရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref. nypost

You may also like these stories:

တမိသားစုလုံးကို မီးလောင်ပြင်ကနေ ကယ်ထုတ်ပြီး အသက်အဆုံးရှုံးခံခဲ့တဲ့ ခွေးလေး Zippy

ချစ်သူကို သတ်ပြီး အွန်လိုင်းဂိမ်း ပလက်ဖောင်းပေါ်မှာ ပုံတွေ တင်ခဲ့တဲ့ အမျိုးသား

Loading