• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား အများအပြား အဖမ်းခံရ

by ညီညီသူ
17 December 2019
in Trend
A A
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားများ

မလေးရှားမှာ ဖမ်းဆီးခံရတဲ့ တရုတ်နိုင်ငံသားများ

12.4k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံအနေနဲ့ လူဦးရေ အဆမတန် များပြားလာမှုကို ကြုံနေရတဲ့အတွက် တချို့ တရုတ်နိုင်ငံသားတွေအနေနဲ့ နီးစပ်ရာနိုင်ငံတွေမှာ တရားမဝင် နေထိုင်နေကြပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ အဓိက ပစ်မှတ်ကတော့ အရှေ့တောင် အာရှနိုင်ငံငယ်လေးတွေပါ။ အရေအတွက် တိတိကျကျ မသိနိုင်သေးပေမယ့် အရှေ့တောင် အာရှနိုင်ငံတွေမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား အရေအတွက် အများအပြား ရှိနေနိုင်ပါတယ်။

RelatedPosts

သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
254
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k

တချို့နိုင်ငံတွေမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းနေပေမယ့် တချို့နိုင်ငံတွေကတော့ ထိထိရောက်ရောက် မဖြေရှင်းနိုင်ကြသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတော့ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား ၃၇၃ ယောက်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၇၃ ယောက်ဟာ အသက် ၂၃ နှစ် နဲ့ ၃၈ နှစ်ကြား အရွယ်တွေ ဖြစ်ပြီး အမျိုးသား ၃၅၅ ယောက် ၊ အမျိုးသမီး ၂၈ ယောက်ပါဝင်ပါတယ်။ ဖမ်းဆီးမိတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ မလေးရှားရင်းဂစ် ၁ သောင်း (သို့မဟုတ်) ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်ဖွယ် ရှိသလို ငွေဒဏ်ရော ထောင်ဒဏ်ပါ ၂ မျိုးလုံး အပြစ်ပေးခံရနိုင်ဖွယ် ရှိနေပါတယ်။

နိုဝင်ဘာလတုန်းကလည်း တရားမဝင် တရုတ်နိုင်ငံသား ၇၀၀ နီးပါးကို ကွာလာလမ်ပူမြို့အနီးက ဆိုက်ဘာဂျာယာမှာ ဖမ်းဆီးခဲ့ပါသေးတယ်။ ဆိုက်ဘာဂျာယာမှာ ဖမ်းဆီးခဲ့တဲ့ လူ ၇၀၀ အုပ်စုကြီးဟာ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှု အကြီးမားဆုံး လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ တရားမဝင် နေထိုင်ပြီး အွန်လိုင်း လိမ်လည်မှုတွေ ကျူးလွန်နေကြတဲ့ တရုတ်နိုင်ငံသားတွေကို မကြာခဏဆိုသလို ဖမ်းဆီးရမိလေ့ ရှိပါတယ်။ Lahat မြို့က အိမ်တအိမ်မှာလည်း အွန်လိုင်းလောင်းကစားမှု ကျူးလွန် နေတယ်လို့ သံသယရှိသူ ၁၈ ယောက်ကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။ ဖမ်းဆီးရမိသူတွေထဲ အမျိုးသား ၁၄ ယောက် နဲ့ အမျိုးသမီး ၄ ယောက် ပါဝင်ပါတယ်။

ဒီဇင်ဘာလအတွင်းမှာပဲ ၆၅ ယောက်အုပ်စု ၊ ၄၀ ယောက်အုပ်စု စသဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဖမ်းဆီးခဲ့ပါသေးတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေမှာ တရားမဝင် နေထိုင်ပြီး ပြစ်မှုကျူးလွန်နေကြတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေမှာလည်း တရုတ်နိုင်ငံသားတွေ ကျူးလွန်နေကြတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို ဖော်ထုတ် ဖမ်းဆီးနေကြပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေကြတွေ ပါဝင်သလို ဘာအထောက်အထားမှ မရှိဘဲ နေထိုင်သူတွေလည်း ပါဝင်ပါတယ်။

မလေးရှား အာဏာပိုင်တွေကတော့ ဖမ်းဆီးရမိသူတွေထဲက တချို့ကို တရုတ်နိုင်ငံ ပြန်ပို့ဖို့ရှိပြီး တချို့ကိုတော့ လူဝင်မှုကြီးကြပ်ရေးဌာနက တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

Ref: scmp, benarnews, thestar

You may also like these stories:

ထိုင်းမှာ တရားမဝင် နေထိုင်ပြီး ဧည့်လမ်းညွှန် လုပ်နေတဲ့ တရုတ်အမျိုးသမီး ဖမ်းဆီးခံရ

ကမ္ဘောဒီးယားမှာ လောင်းကစား ပိတ်ပင်ခဲ့မှုကြောင့် တရုတ်နိုင်ငံသား အများအပြား ထွက်ခွာ

Your Thoughts …
Tags: တရားမဝင် နေထိုင်မှုတရုတ်နိုင်ငံသားမလေးရှားအဖမ်းခံရ
ညီညီသူ

ညီညီသူ

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
3.9k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

Next Post
မည်းသင်းတရားရုံး၌ ဦးစိုးထွန်းရှိန်ကို ၆ ကြိမ်မြောက် ရုံးထုတ်လာစဉ် / ဇော်ဇော် / ဧရာဝတီ

ဦးစိုးထွန်းရှိန်ကို သတ္တုတွင်း ဥပဒေအပြင် ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့်ပါ တရားစွဲထား

အဆိုတော် ချောစုခင်  / ချစ်ပိုး / ဧရာဝတီ

ပြိုင်ပွဲဝင်တွေကို ပြိုင်ပွဲမှာတင် ရပ်မသွားဘဲ ရှေ့ဆက်သီချင်းတွေ လုပ်စေချင်တဲ့ ချောစုခင်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate