Trend

ကျောင်းကပွဲမှာ ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့လို့ နာမည်ကြီးနေတဲ့ ကလေး

Want create site? Find Free WordPress Themes and plugins.

ကျောင်းကပွဲတခုက ခရစ်တော် ဖွားမြင်ခန်းမှာ နတ်သမီးအဖြစ် သရုပ်ဆောင်ရတဲ့ အသက် ၅ နှစ်အရွယ် Ella လို့ အမည်ရတဲ့ မိန်းကလေးဟာ လက်ခလယ် ထောင်ပြလိုက်တာကြောင့် မိခင် အပါအဝင် ပရိသတ်တွေ အားလုံး အံ့အားသင့် ရယ်မောခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ အင်္ဂလန်နိုင်ငံ၊ အက်ဆက်ပြည်နယ်၊ မယ်လ်ဒွန်မြို့က ခရစ္စမတ်အကြို ကျောင်းကပွဲ တခုမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ကပွဲအတွင်း လက်ခလယ်မှာ ဒဏ်ရာ ရထားတာကြောင့် မိနစ် ၂၀ ခန့်ကို ဆက်တိုက် လက်ခလယ် ထောင်ပြနေခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဒဏ်ရာ နာကျင်နေကြောင်း မိခင်ကို ပြောပြဖို့ အခုလို ထောင်ပြခဲ့တာ ဖြစ်ပါတယ်။

Ella ရဲ့ မိခင်ကတော့ ရပ်တန့်ဖို့အတွက် ပြောခဲ့ပေမယ့် Ella ကတော့ လက်နာနေတာကြောင့် လက်ကို အောက်ပြန်မချခဲ့ဘူးလို့ သိရပါတယ်။

 

“သူ့ရဲ့ လက်မှာ အနာသေးသေးလေးဖြစ်နေလို့ပါ။ ကလေးဆိုတော့ ဘာလုပ်ပြနေတယ် ဆိုတာလည်း သိတာ မဟုတ်ဘူးလေ”လို့ Ella ရဲ့ မိခင်က ပြောပါတယ်။

ခရစ်တော် ဖွားမြင်ခန်းမှာ နတ်သမီးနေရာက သရုပ်ဆောင်ဖို့ အဖြူရောင်ဝတ်စုံကို ဝတ်ထားတဲ့ Ella က လက်ခလယ် ထောင်ပြလိုက်ချိန်မှာတော့ အခြားကျောင်းသားတွေရဲ့ မိဘတွေက ချစ်စရာကောင်းတာကြောင့် ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။

Ella ရဲ့ မိခင်ဖြစ်သူက ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ပြီးနောက် လူမှုကွန်ရက် အသုံးပြုသူများရဲ့ ချစ်ခင်ခြင်းကို ခံခဲ့ရပြီး ဟာသဆန်တဲ့ မှတ်ချက်တွေ ရခဲ့တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

Ref. independent

You may also like these stories:

ချစ်သူက စွန့်ပစ်သွားတာကြောင့် ကိုယ့်ကိုယ်ကို မီးရှို့ကာ သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသား

ဧည့်ပရိသတ်တွေ ရှေ့မှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ခွေးစုံတွဲ

သစ်ပင်နဲ့ လက်ထပ်ပြီး ဥယျာဉ်တခုလုံး ဖျက်ဆီးခံရမယ့်အရေးကို ကယ်တင်လိုက်တဲ့ အမျိုးသမီး

Did you find apk for android? You can find new Free Android Games and apps.
Loading