သူမနာမည်ကတော့ ဆန်နာမာရင်ဖြစ်ပြီး ဖင်လန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သလို ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ဖန်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်စတင်ထမ်းဆောင်ချိန် မှာတော့ သူမရဲ့အသက်က ၃၄ နှစ်သာရှိပါသေးတယ်။
ဆန်နာမာရင်ဟာ ဖင်လန်နိုင်ငံရဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ တယောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ သူမကိုဖင်လန်နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဖင်လန်နိုင်ငံစာ အမျိုးသမီး ၅ ယောက်ဦးဆောင်တဲ့ လက်ဝဲအစိုးရသစ် တရပ်ကို အခုလအတွင်းဖွဲ့စည်းလိုက်ပြီး အမျိုးသမီး ၅ ယောက်အနက် ၄ ယောက်က အသက် ၃၅ နှစ်အောက်တွေသာ ဖြစ်ကြပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း အမေရိကန်သမ္မတဟောင်းဖြစ်တဲ့ ဘားရက်အိုဘားမားက လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိုင်ငံတော်တာဝန်ကို ပိုပြီးထမ်းဆောင်နိုင်တဲ့ နိုင်ငံ့ ခေါင်းဆောင်ကောင်းတွေဖြစ်ကြတယ် လို့ ပြောဆိုခဲ့ပါသေးတယ်။
ဒါကြောင့်လည်း အိုဘားမားရဲ့ ပြောဆိုချက်တွေကို အသက် ၃၄ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံလိုက်ခံလိုက်ရတဲ့ ဆန်နာမာရင်ရဲ့ခေါင်းဆောင်မှုတွေက သက်သေပြသွားနိုင်မယ်လို့ မျှော် လင့်ရပါတယ်။
ဝန်ကြီးချုပ်ဆန်နာမာရင်ဟာ နိုင်ငံရေးအရလမ်းဟောင်းကိုမလိုက်တဲ့ တိုးတက်ပြောင်းလဲရေးသမား တယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဝင်တွေထဲမှာဆိုရင်လည်း သူမဟာ တက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရခဲ့တဲ့ ပထမဆုံးတယောက်လို့ သိရပါတယ်။
ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒီဇင်ဘာ ၁၂ ရက် နဲ့ ၁၃ ရက်နေ့တွေမှာတော့ ဘရပ်ဆဲလ်မှာကျင်းပတဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက် ရောက်ခဲ့ပါသေးတယ်။
ဆန်နာမာရင်ဟာ ဖင်လန်နိုင်ငံရဲ့ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။ ဖင်လန် ဝန်ကြီးချုပ်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီးတွေကတော့ အန်နရီ ဂျာတင်းမာကီ နဲ့ မာရီကီဗီနီဗီတို့ပဲ ဖြစ်ကြပါတယ်။
Ref: BBC, edition.cnn