ကလေးငယ်တယောက် ကျန်းကျန်းမာမာ ရှိနေစေဖို့နဲ့ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးဖို့ဆိုတာ ထိန်းကျောင်းပဲ့ပြင်တဲ့ မိဘတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ ကလေးငယ်တွေရဲ့ သိတတ်စအရွယ်လို့ သတ်မှတ်ထားကြတဲ့ လမ်းလျှောက်တတ်စ အချိန်တွေဟာ ဦးနှောက်ရဲ့ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန် ဖြစ်တာကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု ပိုကောင်းအောင် ပြုလုပ်ပေးနိုင်မယ့် ကစားနည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဆေးရောင်ခြယ်ခြင်း
ဆေးရောင်ခြယ်တဲ့ ကစားနည်းဟာ သာမန်အားဖြင့်တော့ သိပ်ထူးထူးဆန်းဆန်း ကစားနည်း မဟုတ်ပေမယ့် ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားနဲ့ တွေးခေါ်မှု စွမ်းရည်ပိုင်းကို အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။ မတူညီတဲ့ အရောင်တွေကို ခွဲခြားနိုင်စွမ်း ရှိလာမှာ ဖြစ်သလို အာရုံစူးစိုက်နိုင်မှု စွမ်းအားလည်း ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
(၂) ရေတွက်ခိုင်းတဲ့ ကစားနည်းနဲ့ ကစားခြင်း
ကစားနည်းတွေ အများကြီးရှိတဲ့အထဲမှာ တစုံတခုကို ကစားတော့မယ်ဆိုတိုင်း အရေအတွက်တွေကို ကလေးငယ်နဲ့အတူ ရေတွက်စေတာဟာ သင်ယူလေ့လာနိုင်မှု စွမ်းအားကို ပိုမိုကောင်းမွန်လာစေနိုင်မှာဖြစ်သလို ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။
(၃) သီချင်းအတူတူ ဆိုခြင်း
စကားမပြောတတ်သေးတဲ့ ကလေးငယ်တွေ အရွယ်မှာတောင် ဂီတသံစဉ်တွေဟာ ကလေးတွေရဲ့ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး လေ့လာသင်ယူနိုင်စွမ်း မြင့်တက်စေနိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ သီချင်းဖွင့်ထားပြီး မကြာခဏဆိုသလို လိုက်ဆိုတာ၊ နားထောင်ခိုင်းတာတွေဟာ အရွယ်ရောက်တဲ့အချိန် သင်ယူလေ့လာတဲ့အခါမှာလည်း အထောက်အကူတွေ ဖြစ်စေနိုင်ပါတယ်။
(၄) Board Game တွေ ကစားခြင်း
မြွေလှေကားနဲ့ မိုနိုပိုလီတို့လို Board Game တွေဟာ ကလေးတွေရဲ့ တွေးခေါ်မှုစွမ်းရည်နဲ့ စိတ်ရှည်နားလည်ခြင်းတွေကို သင်ပြပေးနိုင်ပြီး လက်တွေ့ဆန်တဲ့ နေထိုင်မှုဘဝဆီကိုလည်း သင်ပြပေးနိုင်မှာ ဖြစ်ပါတယ်။
Ref. parenting.firstcry.com
You may also like these stories:
တနှစ်အောက် ကလေးလေးတွေရဲ့အစွမ်းအစများ
ခရီးသွားခြင်းဟာ ကလေးတွေအတွက် အကောင်းဆုံး ပညာရေး ဖြစ်သည်
ကျောင်းကပွဲမှာ ပရိသတ်တွေကို လက်ခလယ် ထောင်ပြခဲ့လို့ နာမည်ကြီးနေတဲ့ ကလေး