မိန်းကလေးတယောက် Single ဖြစ်တယ်ဆိုတာနဲ့ ဝမ်းနည်းနေမယ်၊ အထီးကျန်နေမယ်၊ အဖော်မဲ့နေမယ်ဆိုတဲ့ ခေါင်းစဉ်တွေအောက် ဆွဲသွင်းလို့မရသလို မိန်းကလေး တယောက်မှာ ချစ်သူရှိတယ်ဆိုတိုင်းလဲ ပျော်ရွှင်နေမယ်လို့ မမှတ်ယူသင့်ပါဘူး။
ဘာကြောင့်လဲဆိုရင် Single ဆိုတိုင်း အထီးကျန် ဝမ်းနည်းနေကြတာ မဟုတ်လို့ပါ။ မိန်းကလေးတယောက်အတွက် ပျော်ရွှင်မှုနဲ့ အောင်မြင်မှုဆိုတာ Relationship Status ပေါ် မူတည်နေတာ မဟုတ်လို့ သူတို့ကိုယ်တိုင်ပဲ ပျော်ရွှင်စရာကို ဖန်တီးယူတတ်ကြပါတယ်။
ဒါကြောင့် မိန်းကလေးတယောက် Single အချိန်ကြာကြီး ဖြစ်နေပြီဆိုရင် အထီးကျန်ပြီး အဖော်မဲ့နေမယ်၊ စိတ်ပိုင်းဆိုင်ရာ အားငယ်နေမယ်လို့ မထင်ထားပါနဲ့။ သူတို့ကိုယ်တိုင် ဘဝရဲ့ပျော်ရွှင်မှုတွေကို ရှာဖွေနိုင်ပြီးသားမို့ ဘေးမှာ အဖော်မလို့တော့တာပါ။ ဘယ်လို အကြောင်းကြောင့် မိန်းကလေးတွေ Single ဘဝကို ရွေးချယ်နေကြတာလဲ။ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။
တချို့ကျတော့လည်း အချစ်ဆိုတဲ့အရာကို လက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်သေးတာ၊ တချို့ကြတော့လည်း အထက်တန်းကျောင်းသူ ဘဝကတည်းက FA ဖြစ်လာတာ၊ အသည်းခဏခဏ ကွဲနေတာကြောင့်၊ တွဲကြည့်ပေမယ့် ချစ်သူတွေအဆင့်ထိ အဆင်မပြေတာ၊ တချို့ကြတော့လည်း အချစ်ရေးကိစ္စတွေကနေ ဝေးဝေးရှောင်ပြီး Single ဘဝကိုပဲ ကျေကျေနပ်နပ်ကြီး ရွေးချယ်ကြတာမျိုးတွေပေါ့။
အချိန်ကြာကြီး Single ဘဝနဲ့နေနေတဲ့ မိန်းကလေးတွေဟာ ပျော်ရွှင်နေသူတွေပါလို့ အချစ်ဂုရုတွေက မှတ် ချက်ပေးကြပါတယ်။ မိန်းကလေးတယောက်ဟာ အထီးကျန်မှုကို ကျော်လွှားပြီး ပျော်ရွှင်မှုအစစ်မှန်ဆိုတာ နားလည်သွားတဲ့အချိန်ဆို ချစ်သူထားဖို့ စိတ်ကူး မရှိကြပါဘူး။ သွားချင်တဲ့နေရာ၊ လုပ်ချင်တဲ့အလုပ်၊ စားချင်တာမှန်သမျှ ကိုယ်တယောက်တည်း လုပ်ရလည်း အဆင်ပြေနေပြီဆိုရင်တော့ Single ဘဝနဲ့ပဲ ပျော်ရွှင်နေတယ်ဆိုတာ သက်သေပြနေတာပါ။
ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ မျှော်လင့်ချက်ပန်းတိုင်၊ အောင်မြင်ဖို့အတွက် အာရုံစိုက်နေတဲ့ မိန်းကလေး တယောက်မှာ အချစ်ရေးအတွက် အချိန်မပေးနိုင်ကြတာ များပါတယ်။ သူ့ဘဝ တိုးတက်ရာတိုးတက်ကြောင်း ဖြည့်စွမ်းနေတဲ့ မိန်းကလေးတယောက်ဟာ တခြားသူတွေထက် စိတ်ဓာတ်ရေးရာ ပိုခိုင်မာသလို၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်စိတ် ပိုများပါတယ်။
ဒါကြောင့်လည်း မိန်းကလေးတယောက် အမှီခိုကင်းကင်း နေနိုင်ပြီဆိုရင်၊ တယောက်တည်း ရပ်တည်နေနိုင်ပြီဆိုရင်၊ အိပ်မက်ပန်းတိုင်တွေအတွက် အောင်မြင်မှုတွေဆီ လှမ်းလျှောက်နေနိုင်ပြီဆိုရင်တော့ တစုံတယောက်ကို ချစ်ဖို့အတွက် မေ့ထားကြပြီး Single ဘဝနဲ့ ပျော်မွေ့နေတတ်ကြပါတယ်။
Ref: Curious Mind Magazine
You may also like these stories:
အမျိုးသမီးတွေကို အရည်ပျော်သွားစေမယ့် အပြုအမူများ
သမီး မိန်းကလေးရှိတဲ့ ဖခင်တွေဟာ အသက်ပိုရှည်ကြကြောင်း လေ့လာတွေ့ရှိ
ချစ်သူရည်းစားတွေနဲ့ အိမ်ထောင်ရှင်တွေ အများဆုံးလမ်းခွဲလေ့ ရှိတဲ့လဟာ ဇန်နဝါရီလဖြစ်