ခေတ်အဆက်ဆက် တိုးတက်လာတဲ့ လူနေမှုပုံစံတွေနဲ့အတူ ဖက်ရှင်ရေစီးကြောင်းဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ Forbe’s Real Time Bilionaries ရဲ့ အဆင့်သတ်မှတ်ချက်တွေအရ ဖက်ရှင်နယ်ပယ်မှာ အချမ်းသာဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေစာရင်းပဲ ဖြစ်ပါတယ်။
(၁) Bernard Arnault
LVMH ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ တဦးဖြစ်သူ Bernard Arnault ကတော့ အမေရိကန် ဒေါ်လာ ၁၀၅ ဒဿမ ၆ ဘီလျံ ပိုင်ဆိုင်ထားသူဖြစ်ပြီး ဖက်ရှင်နယ်ပယ် အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းကုမ္ပဏီတခုကို ပိုင်ဆိုင်ထားသူ Bernard Arnault ဟာ ပြင်သစ်လူမျိုးတဦးဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာလည်း တတိယနေရာ ရရှိထားသူ ဖြစ်ပါတယ်။
(၂) Amancio Ortega
ဖက်ရှင်နယ်ပယ်မှာသာ မကဘဲ ကမ္ဘာ့အချမ်းသားဆုံး ပုဂ္ဂိုလ်များစာရင်းရဲ့ နံပါတ် (၆) နေရာမှာ ရပ်တည်နေသူ Amancio Ortega ဟာ စစ်တမ်းတွေအရ ကန်ဒေါ်လာ ၇၀ ဒဿမ ၇ ဘီလျံ ကြွယ်ဝသူဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ ဇနီးဟောင်းဖြစ်သူ Rosalia Mera နဲ့အတူ တည်ထောင်ခဲ့တဲ့ စပိန်ဖက်ရှင် ကုမ္ပဏီ Inditex ကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။
(၃) Phil Knight
နာမည်ကျော် Nike ကုမ္ပဏီတည်ထောင်သူတဦးဖြစ်တဲ့ Phil Knight ကတော့ သူ့အသက် ၅၂ နှစ်ပြည့်၊၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ နေရာကနေ အနားယူခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ပိုင်ဆိုင်မှုကတော့ ကန် ဒေါ်လာ ၃၈ ဒဿမ ၅ ဘီလျံအထိ ရှိပါတယ်။
(၄) Francois Pinault
Francois Pinault ကတော့ “Gucci”, “Alexander McQueen” စတဲ့ နာမည်ကျော်ဖက်ရှင် ကုမ္ပဏီတွေရဲ့ ပိုင်ရှင်တဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ မက္ကဆီကန် အမေရိကန် ကပြားမင်းသမီး Salma Hayek နဲ့ တရားဝင် လက်ထပ်ခဲ့တာပါ။ သူ့ရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၃၅ ဒဿမ ၁ ဘီလျံခန့် ရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Ref. www.bussinessinsider.com