• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကိုရင်ငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ထိုင်းဘုန်းကြီးတပါး ဖမ်းဆီးခံရ

by ညီညီသူ
27 December 2019
in Trend
A A
လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အဖမ်းခံရတဲ့ ထိုင်းဘုန်းကြီး

လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အဖမ်းခံရတဲ့ ထိုင်းဘုန်းကြီး

19.3k
VIEWS
Share on FacebookShare on Twitter

ပုထုဇဉ်မှန်သမျှ အမှားနဲ့ မကင်းနိုင်ကြဘူးလို့ ဆိုပေမယ့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုယ်တိုင် ဘုရားဟောထားတဲ့ ပညတ်ချက်ကို မလိုက်နာကြတော့ဘဲ ဝိနည်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ကြုံတွေ့နေရပါတယ်။ ကလေးတွေနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုးတွေကိုလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတချို့ ကျူးလွန်းနေကြတာကို တွေ့နေရပါတယ်။

ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေရဲ့လုပ်ရပ်က နိုင်ငံ တနိုင်ငံ၊ အရပ်ဒေသတခုတည်းမှာ သာကွက်ပြီး ဖြစ်ပျက်နေတဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း ကလေးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ လုပ်ရပ်တွေကို ကြားနေရပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
181
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
220
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
2.1k

အခုလည်း ထိုင်းနိုင်ငံ၊ Samut Sakhon ပြည်နယ်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တကျောင်းမှာ အရွယ်မရောက်သေးတဲ့ ကိုရင်ငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဘုန်းတော်ကြီးတပါးကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရတဲ့ ကိုရင်အငယ်ဆုံးရဲ့ အသက်က ၈ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ဘုန်းကြီးကတော့ အသက် ၄၀ အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းအချိန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံခဲ့ရတဲ့ ဘုန်းကြီးကတော့ ဒီလို ပြစ်မှုမျိုး ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပြီး မှားယွင်း ဖမ်းဆီးခံခဲ့ရကြောင်း ထွက်ဆိုသွားပါတယ်။ ဒါပေမဲ့လည်း ရဲတပ်ဖွဲ့အနေနဲ့ ထိုင်းဘုန်းကြီးကို သက်ငယ်မုဒိမ်းမှုနဲ့ တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။

ဒေသခံရဲတပ်ဖွဲ့ရဲ့ အပြောအရကတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့ ဘုန်းကြီးဟာ Ban Phaeo ခရိုင် အတွင်းက Wat Pa Suwatthanaram ကျောင်းကဖြစ်ပြီး  အဲဒီဘုန်းကြီးကျောင်းမှာ ကိုရင်ငယ် ၁၉ ပါးနဲ့ ကျောင်းသား ၁၀ ယောက် နေထိုင်ကြတယ်လို့လည်း သိရပါတယ်။ ကိုရင်၊ ကျောင်းသားတွေရဲ့ အသက်အရွယ်ကတော့ ၈ နှစ်ကနေ ၁၉ အတွင်းလို့ သိရပါတယ်။

ဘုန်းကြီးရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုကို ခံစားခဲ့ရဖူးတဲ့ ကိုရင် တချို့က ဘုန်းကြီးရဲ့ စော်ကားမှုကို ဓာတ်ပုံမှတ်တမ်းအဖြစ် ရိုက်ကူးနိုင်ခဲ့ပြီး သူတု့ိရဲ့မိဘတွေကို ပြသနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မိဘတွေက ရဲစခန်းကို သွားရောက် တိုင်ကြားခဲ့တဲ့အတွက်ကြောင့် အခုဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ အခြားပြစ်မှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူ Atchariya Ruangrattanapong ဆိုသူကလည်း သူ့ရဲ့ Facebook Page မှာ ဘုန်းကြီးအနေနဲ့ ကိုရင်ငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း မပြုခင် ကိုရင်တွေရဲ့ လက်တွေ၊ ခြေတွေကို တုပ်နှောင်ထားခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ကျောင်းပတ်ဝန်းကျင်ကို စစ်ဆေးရှာဖွေရာမှာတော့ အသုံးပြုပြီးသား ကွန်ဒုံးတွေကို တွေ့ခဲ့တယ်လို့ သိရပါတယ်။

Ref: thethaiger

You may also like these stories:
မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား အများအပြား အဖမ်းခံရ
ဝတ်လစ်စလစ်နဲ့ အိမ်သန့်ရှင်းရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး
Your Thoughts …
Tags: ကိုရင်ဘုန်းကြီးလိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ်
ညီညီသူ

ညီညီသူ

Similar Picks:

မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေ (ရုပ်/သံ)

မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေ (ရုပ်/သံ)

by ဧရာဝတီ
22 June 2024
644

ဒီတပတ် အယ်ဒီတာ့စကားဝိုင်းမှာ မြန်မာပြည်က မာဇီးဒီးစီးတဲ့ ဘုန်းကြီးတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

ဆင်းရဲနေတဲ့ပြည်သူနဲ့ ဇိမ်ခံကားပေါ်က ဆရာတော်တွေ (ရုပ်/သံ)

ဆင်းရဲနေတဲ့ပြည်သူနဲ့ ဇိမ်ခံကားပေါ်က ဆရာတော်တွေ (ရုပ်/သံ)

by ဧရာဝတီ
26 June 2024
314

မြန်မာနိုင်ငံ လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၁၇ ဒဿမ ၅ သန်းလောက်ဟာ ဆင်းရဲမွဲတေမှု ဒါဏ်ကို ခံစားနေရတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန် ၁၂ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီရောဂါဟာ လူမမယ် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ တပ်မက်မှုဖြစ်တဲ့ စိတ်မူမမှန်ရောဂါ တမျိုးလည်း ဖြစ်ပါတယ်

အရွယ်မရောက်သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားလိုစိတ် (Paedophilia) အကြောင်း

by ဟယ်လ်သင်
8 July 2019
20.4k

Padeophillia စိတ်ရောဂါဝေဒနာရှင်တွေဟာ အရွယ်ရောက်ပြီးသားလူတွေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုကို စိတ်မဝင်စားကြဘဲ လူမမယ် ကလေးငယ်တွေနဲ့မှ လိင်စိတ် နိုးကြွကြတဲ့ အန္တရာယ်ရှိ စိတ်ရောဂါဝေဒနာသည်တွေပဲ ဖြစ်ကြပါတယ်။

ရိုက်နှက်ခံရသည့် ကိုရင်ငယ်များ / ဗုဒ္ဒသာသနံစိရံတိဌတု ကျိုက်ထီးရိုးလူမှုကွန်ရက် စာမျက်နှာ

ကျိုက်ထီးရိုးတွင် ကိုရင်များကို ရိုက်သည့် သံဃာတော် ထပ်မံတရားစွဲခံရ

by ဉာဏ်စိုးဝင်း
2 May 2018
28.4k

ကျိုက်ထီးရိုး ရသေ့တောင်ရှိ ပုညတောင်ဘုန်းကြီးကျောင်းမှ သံဃာတော် ဉူးနာယကသည် ကလေးများကို သင်္ကန်းဝတ် အလှူခံခိုင်းသည့်ကိစ္စဖြင့် ဧပြီ ၃၀ ရက်တွင် ကျိုက်ထိုမြို့နယ်တရားရုံး၌ ဘာသာသာသနာဆိုင်ရာဥပဒေဖြင့် ထပ်မံတရားစွဲဆိုခံထားရကြောင်း သက်ဆိုင်ရာဌာနများမှ စုံစမ်းသိရှိရသည်။

သြဂုတ် ၃၀ရက်နေ့က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၈လမ်း၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ ကွန်မြူနတီစင်တာ(လူထုနေရာ)တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ / ဒီလှိုင်းဝင်း

နတ်တလူက ဘုန်းကြီး ကာမလိမ်လည်ရယူမှု နှောင့်နှေးနေဟု ဆို

by ဒီလှိုင်းဝင်း
1 September 2018
28.2k

အမျိုးသမီးငယ်ကို အသက် ၅၀ ဝန်းကျင်အရွယ် ဦးဝရဉာဏ၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကို ခံခဲ့ရသဖြင့် ယခုအခါ သားလေးတဦးကို မွေးဖွားခဲ့ပြီးဖြစ်သည်။

စွပ်စွဲခံထားရသူ ဦးဝရဉာဏ ခေါ် ဦးဝင်းနိုင်ကို ယနေ့ကန့်ဘလူမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

နတ်တလူက ဘုန်းကြီးကာမလိမ်လည်မှု စတင်စစ်ဆေး

by ဒီလှိုင်းဝင်း
19 February 2019
43.1k

ရာဇသတ်ပုဒ်မ ၃၆၆ အရ တရားလိုကလည်း အမှုဖွင့်ထားတာ ရှိတယ်၊ မိခင်ကလည်း ဖွင့်ထားတာရှိတယ်၊ အဲဒီအမှုတွေကိုတော့ လာမယ့်ရုံးချိန်း တွေမှာ စပြီးတော့ စစ်ဆေးသွားပါမယ်

Next Post
ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း

ခရစ္စမတ်ကာလအတွင်း ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀ ကျော်ရှိ

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားရုံဖြင့် ငြိမ်းချမ်းရေး မရရှိနိုင်၂၀၀၈ ဖွဲ့စည်းပုံပြင်ရန်လို ဟုဆို (ရုပ်/သံ)

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားရုံဖြင့် ငြိမ်းချမ်းရေး မရရှိနိုင်၂၀၀၈ ဖွဲ့စည်းပုံပြင်ရန်လို ဟုဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate