ကလေးဘဝ အရွယ်တုန်းကတော့ ကိုယ့်ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းအတွက် တတ်နိုင်တာလေးတွေ ကူညီခဲ့တာမျိုး ရှိပေမယ့် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဒီအလေ့အထလေးဟာ တဖြည်းဖြည်း ပျောက်ကွယ် တိမ်မြုပ်လာပြီး အရေးအပါဆုံး မိသားစုလောက်ကိုသာ အလေးထား ဂရုစိုက်တတ်ကြပါတော့တယ်။
ကလေးတွေရဲ့ စိတ်ထားဟာ ပွင့်လင်း လွတ်လပ်နေပြီး ဖြူစင်နေတာဖြစ်တဲ့အတွက် သူတို့ဟာ လူသားချင်းသာမက တိရစ္ဆာန်လေးတွေကိုတောင် ပစ်ပစ်ထားလေ့ မရှိပါဘူး။ ကလေးတွေမှာရှိတဲ့ ဖြူစင်တဲ့ ပုံရိပ်လေးတခုကို Reddit အသုံးပြုသူတယောက်က သူတွေ့မြင်လိုက်ရတဲ့ မြင်ကွင်းလေးတခုနဲ့ အမိအရ မှတ်တမ်းတင်ပြီး မကြာသေးခင်ကမှ မျှဝေခဲ့ပါတယ်။
ဒီမြင်ကွင်းကတော့ ၁၀ နှစ်အရွယ်ရှိ ကောင်လေး တယောက်ဟာ မျက်စိ မမြင်တဲ့ ဒရယ်လေး တကောင်နဲ့ အတူ လမ်းလျှောက်လာတဲ့ မြင်ကွင်းဖြစ်ပြီး ဒီမြင်ကွင်းဟာ တရက်တလေ မဟုတ်ဘဲ နေ့စဉ်နေ့တိုင်းလိုလိုပဲ ဖြစ်ပါတယ်။
ဒီဒရယ်လေး အစာရှာဖွေ စားသောက်ဖို့အတွက် ၁၀ နှစ်သားလေးဟာ ကူညီပေးနေတာဖြစ်ပြီး မနက်တိုင်းမနက်တိုင်း ကျောင်းမသွားခင် အချိန်လေးမှာ မြက်ခင်းတခုကနေ နောက်တခုဆီကို လျှောက်လှမ်းရင်း ဒရယ်လေး အစာရှာတွေ့ဖို့ ကူညီပေးနေခဲ့တာပါ။
တောရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်း မရှိအောင် ထုတ်ပြန်ထားတဲ့ အစိုးရရဲ့ ဥပဒေနဲ့ အခုလုပ်ရပ်ဟာ ကိုက်ညီမှု မရှိပေမယ့် Reddit အသုံးပြုသူ မျှဝေခဲ့တဲ့ ဓာတ်ပုံအောက်မှာ တခြားအသုံးပြုသူတွေကပါ ဒရယ်လေးကို ကူညီဖို့ စိတ်အားထက်သန်နေကြပြီး ဝေဖန်နေသူတွေကို ပြန်လည် တုံ့ပြန်ခဲ့ကြတာပါ။
ဒီဓာတ်ပုံကြောင့်ပဲ အာရုံစိုက်မှုတွေ မြင့်တက်လာပြီး သိပ်မကြာခင်မှာပဲ ဒီမျက်စိမမြင်တဲ့ ဒရယ်လေးဟာ IDNR (Illinois Department of Nature Resources) ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်ကို ရောက်ရှိသွားပြီလို့ Reddit အသုံးပြုသူတဦးက နောက်ဆုံးရ သတင်းအနေနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။
Ref. www.healthyfoodhouse.com
You may also like these stories:
ခရစ္စမတ်ကာလအတွင်း ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀ ကျော်ရှိ
ဝတ်လစ်စလစ်နဲ့ အိမ်သန့်ရှင်းရေး ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ဆောင်ခဲ့တဲ့ အမျိုးသမီး
ကမ်းခြေက အမှိုက်တွေ ကောက်ပေးရင် ဆေးခြောက် တလိပ်တိုက်တဲ့ ဂျမေကာ Hostel