Trend

၂၀၁၉ ခုနှစ်အတွင်း အိုဘားမား အနှစ်သက်ဆုံး ရုပ်ရှင်နဲ့ စာအုပ်များ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်သမ္မတဟောင်း Barack Obama က ဒီဇင်ဘာ ၂၉ ရက်မှာ နှစ်စဉ်ထုတ်ဖော်ပြောနေကျအတိုင်း ၂၀၁၉ ခုနှစ်အတွင်း သူအနှစ်သက်ဆုံးအရာတွေကို ပြောပြခဲ့ပါတယ်။ ဒီထဲမှာ အကြိုက်ဆုံး စာအုပ်တွေအကြောင်းနဲ့ ရုပ်ရှင်၊ တီဗီအစီအစဉ်တွေ ပါဝင်ပါတယ်။

“ကျနော်တို့မှာ နေ့တိုင်း မိသားစု၊ အလုပ်တာဝန်၊ လူမှုရေး၊ စေတနာ့ဝန်ထမ်း အလုပ်တွေနဲ့ မအားလပ်တဲ့ကြားက စာပေနဲ့ အနုပညာဆိုတာ နေ့စဉ်ဘဝကို ပိုအရောင်တောက်စေတဲ့ အရာတွေပါ။ ကျနော့်ကို ပျော်ရွင်စေခဲ့တဲ့ အရာလေးတွေကို ထုံးစံအတိုင်း ရွေးပေးလိုက်ပါတယ်” လို့ Obama က Instagram မှာ ရေးသားခဲ့ပါတယ်။

မနှစ်ကအတိုင်း ၂၀၁၉ ခုနှစ်အတွက် Obama ရွေးချယ်ထားတဲ့ စာအုပ်တွေက သုတ၊ ရသ စာပေတွေ စုံလင်ပါတယ်။ ဒီထဲကမှ ပြောင်းရွှေ့နေထိုင်သူတွေအကြောင်းကို ရေးသားထားတဲ့ “Lost Children Archive” ၊ Sally Rooney ရေးသားထားတဲ့ “Normal People” နဲ့ အမေရိကန် စာရေးဆရာနဲ့ ကဗျာဆရာ Ben Lerner ရေးသားတဲ့ “The Topeka School” လည်း ပါဝင်ပါတယ်။

ဒါ့ပြင် Obama အနှစ်သက်ဆုံး စာအုပ်တွေထဲမှာ အားကစားနဲ့ ပတ်သက်တဲ့ Jim Rooney ရေးတဲ့ “A Different Way to Win: Dan Rooney’s Story from the Super Bowl to the Rooney Rule” နဲ့ Andre Iguodala ရေးသားထားတဲ့ “The Sixth Man” တို့လည်း ပါဝင်နေပါတယ်။

၂၀၁၉ ခုနှစ်အတွင်း အကြိုက်ဆုံး ရုပ်ရှင်တွေထဲမှာတော့ နာမည်ကြီး ကိုရီးယားရုပ်ရှင် “Parasite” ကို ရွေးချယ်ထားပါတယ်။ ဒါ့ပြင် “Little Women”, “Marriage Story”, “The Irishman” နဲ့ Netflix မှတ်တမ်းရုပ်ရှင် ဇာတ်ကားအသစ်ဖြစ်တဲ့ “American Factory” လည်း ပါဝင်ပါတယ်။ ဒီမှတ်တမ်းဇာတ်ကားဟာ Obama နဲ့ Michelle Obama တို့ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Higher Ground ကနေ ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

Obama ရဲ့ အနှစ်သက်ဆုံး တီဗီအစီအစဉ်တွေကတော့ “Fleabag: Season 2”, “Unbelievable” နဲ့ “Watchmen” တို့ပဲဖြစ်ပါတယ်။

အမေရိကန် ၄၄ ဆက်မြောက် သမ္မတရာထူး နေရာကို ဆက်ခံခဲ့တဲ့ သမ္မတဟောင်း Barack Obama ဟာ နှစ်တနှစ် ကုန်ဆုံးခါနီးတိုင်း တနှစ်တာအတွင်း သူအနှစ်သက်ဆုံး စာအုပ်၊ ဇာတ်ကားနဲ့ တီဗီအစီအစဉ်တွေကို ထုတ်ဖော်ပြောပြလေ့ ရှိပါတယ်။

Ref: edition.cnn

You may also like these stories:

၂၀၁၉ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ အနုပညာရှင်များ

ကိုရီးယား ပရိသတ်တွေ မဲပေးခဲ့တဲ့ ၂၀၁၉ ရဲ့ ထိပ်တန်းအနုပညာရှင်များ

၂၀၁၉ ခုနှစ်နှင့် သူ၏ ဇာတ်လိုက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading