Trend

ခေါက်ဆွဲကို လူတွေ စွဲလန်းစေဖို့ ဘိန်းထည့်ချက်တဲ့ ဆိုင်ရှင် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ခေါက်ဆွဲဆိုင်တွေဟာ သူ့ထက်ငါ ရောင်းကောင်းအောင် ကောင်းမွန်တဲ့ ပါဝင်ပစ္စည်းတွေ ထည့်တတ်ကြပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တဲ့ Guangxi က ခေါက်ဆွဲဆိုင်ပိုင်ရှင်ကတော့ တမူထူးခြားပြီး ခေါက်ဆွဲထဲကို ဘိန်းထည့်ချက်ပြီး လူတွေကို စွဲလန်းအောင် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

သူ့ဆိုင်ဟာ ဘိန်းထည့်ချက်နေကြောင်း စားနေကျ ဖောက်သည်တဦးကြောင့် သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဆိုင်မှာ စားတဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က မသင်္ကာလို့ ဖမ်းဆီးပြီး ဆေးစစ်ချိန်မှာ မူးယစ်ဆေးသုံးစွဲထားတယ်ဆိုတဲ့ အဖြေကို ထွက်ခဲ့ပါတယ်။ အဲဒီအမျိုးသားကလည်း သူဟာ မူးယစ်ဆေးတခါမှ သုံးစွဲဖူးခြင်း မရှိကြောင့် အကြောက်အကန် ငြင်းတာကြောင့် ဖြစ်စဉ်တောက်လျှောက် လိုက်ချိန်မှာ ခေါက်ဆွဲစားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ခေါက်ဆွဲဆိုင်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးချိန်မှာ ခေါက်ဆွဲဆိုင်မှာ မသင်္ကာစရာ အိတ်တလုံးကို တွေ့ရှိခဲ့ပြီး ထပ်မံ စစ်ဆေးချိန်မှာတော့ အိတ်အတွင်းက အမှုန့်တွေမှာ မော်ဖင်းပါဝင်နေကြောင်း အဖြေထွက်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ဆိုင်အတွင်းမှာ ဘိန်းစေ့အမှုန့် ၇၆ ဂရမ်ကို ထပ်မံတွေ့ရှိခဲ့တာကြောင့် ဆိုင်ရှင်ကို ဖမ်းဆီးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချိန်မှာတော့ ဆိုင်ရှင်ဟာ သူ့ဆိုင်ကို လူတွေ ပြန်လာစားအောင် အခုလို ဘိန်းထည့်ပြီး ချက်ရတာဖြစ်ကြောင်းနဲ့ ဘိန်းပင်ကို သူ့ရဲ့ မွေးရပ်မြေမှာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကတည်းက စိုက်ပျိုးခဲ့ကြောင့် ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

Ref. worldofbuzz.com

You may also like these stories:

လွယ်ကူ ရိုးရှင်းတဲ့ အိမ်ချက် ကြက်သားခေါက်ဆွဲပြုတ် ချက်ပြုတ်နည်း

ကံကောင်းခြင်းတွေ ယူဆောင်လာမယ်ဆိုတဲ့ အယူနဲ့ စားလေ့ရှိတဲ့ တရုတ်စတိုင် ခေါက်ဆွဲကြော်

Did you find apk for android? You can find new Free Android Games and apps.
Loading