၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးရက်မှာ ကမ္ဘာတဝှမ်း ကလေးငယ် ၃၉၂,၀၀၀ ခန့် မွေးဖွားခဲ့တယ်လို့ UNICEF က ထုတ်ပြန်ပြောဆိုခဲ့ပြီး မိခင်နဲ့ ကလေးများကို ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးထောက်ပံ့မှုတွေ ပေးဖို့ တိုက်တွန်းထားပါတယ်။
“နှစ်သစ်တခုနဲ့ ဆယ်စုနှစ်တခုရဲ့ အစက ကျမတို့အတွက်ရော ကျမတို့ရဲ့ နောင်လာနောက်သားတွေရဲ့ အနာဂတ်၊ မျှော်လင့်ချက်နဲ့ ရည်မှန်းချက်ကို လေးလေးနက်နက် စဉ်းစားဖို့ ဖြစ်ပါတယ်”လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICFE ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ခန့်မှန်းချက်တွေ အရ အိန္ဒိယမှာ ကလေးငယ် ၆၇,၃၈၅ ဦး ခန့် မွေးဖွားခဲ့ပြီး ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးနေ့မှာ မွေးဖွားတဲ့ ကလေးစာရင်း အများဆုံးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ တရုတ်နိုင်ငံမှာ ကလေးငယ် ၄၆,၂၉၉ ဦး မွေးဖွားခဲ့ပြီး တတိယနေရာအဖြစ် နိုင်ဂျီရီးယားနိုင်ငံမှာ ကလေးငယ် ၂၆,၀၃၉ ဦးခန့် မွေးဖွားခဲ့တယ်လို့ သိရပါတယ်။
နှစ်တိုင်းရဲ့ ဇန်နဝါရီလမှာ UNICEF ဟာ နှစ်သစ်ရဲ့ အစမှာ ကမ္ဘာတဝှမ်း မွေးဖွားခဲ့တဲ့ ကလေးများစာရင်းကို ထုတ်ပြန်လေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်းမှာ ကလေးငယ်များ အသက် ၅ နှစ် မတိုင်ခင် သေဆုံးခြင်းကို ထက်ဝက်ကျော် လျော့ချနိုင်ခဲ့တယ်လို့ UNICEF က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံး ကလေးငယ်ကို ဖီဂျီကျွန်းမှာ မွေးဖွားခဲ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးဖွားပြီး ကာလတွေမှာ မိခင်နဲ့ ကလေးတွေကို ဘေးကင်းစေဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို သင်တန်းပေးဖို့ ရင်းနှီးမြှုပ်နံှမှုတွေ ပိုပြီး လုပ်ကြဖို့ UNICEF က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
Ref. unicef.org
You may also like these stories:
နှစ်သစ်ကူးကာလအတွင်း ထိုင်းမှာ ယာဉ်မတော်တဆမှု ၂၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၂၅၆ ဦး သေဆုံး
နှစ်သစ်မှာ ပြောင်းလဲပြီး နှစ်ဟောင်းမှာ ချန်ထားခဲ့သင့်တဲ့ အရာများ
အသက် ၂၁ နှစ်ပြည့်မှသာ တရားဝင်ဆေးလိပ် ဝယ်ယူသောက်သုံးနိုင်မယ့် အမေရိကန်နိုင်ငံ