Trend

မြန်မာနိုင်ငံကို တရားမဝင် လာရောက်မယ့် တရုတ်နိုင်ငံသား ၄ ယောက် ထိုင်းနိုင်ငံမှာ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံသား အများစုအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဆီကို တရားမဝင် နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာလေ့ ရှိကြပါတယ်။ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံအသီးသီးမှာ ဖမ်းဆီးမှုတွေ ပြုလုပ်နေကြပေမယ့် တားဆီးနိုင်စွမ်းတော့ မရှိသေးပါဘူး။

၂၀၁၉ ခုနှစ်ကုန်ဆုံးလို့ ၂၀၂၀ ခုနှစ် ရောက်လာတဲ့ ဦးဦးဖျားဖျား ရက်တွေမှာပဲ ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာမယ့် တရုတ်နိုင်ငံသား ၄ ယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မဲဆောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ တရုတ်နိုင်ငံသား ၄ ယောက်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ပတ်စ်ပို့ အတုလုပ်ပြီး ထိုင်းနိုင်ငံကို ဝင်ရောက်လာစဉ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အပြောအရ ကားတွေကို ရပ်တန့်ပြီး ပုံမှန်စစ်ဆေးရေး လုပ်နေချိန်မှာ မူမမှန်တဲ့ တရုတ်နိုင်ငံသားတွေကို တွေ့ရှိခဲ့တာကြောင့် ခေါ်ယူစစ်ဆေးချိန်မှာ အဖြစ်မှန် ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းသတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၄ ယောက် ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်တွေက အတုတွေဖြစ်နေတဲ့အတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ တရုတ်နိုင်ငံသားတွေဟာ လူငယ်တွေ ဖြစ်ကြပြီး ထိုင်း – မြန်မာ နယ်စပ်က ရွှေကုက္ကိုစီမံကိန်းကို သွားရောက်ကြမယ့်လူတွေ ဖြစ်ကြပါတယ်။

ထိုင်း – မြန်မာနယ်စပ်က ရွှေကုက္ကိုစီမံကိန်းကို တရုတ်နိုင်ငံက Jilin Yatai Group Company Ltd က ပိုင်ဆိုင်တာဖြစ်ပြီး တရုတ်ခရီးသည်တွေအတွက် လောင်းကစားကွင်းအဖြစ် နိုင်ငံတကာအဆင့်မီ မြို့သစ်စီမံကိန်းတခုကို အကောင်အထည် ဖော်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ ၂၀၂၇ ခုနှစ်မှာ ပြီးဆုံးမယ်လို့ ရည်မှန်းထားပြီး အဆောက်အဦများစွာ အပါအဝင် တည်ဆောက်ဆဲ စီမံကိန်းတခု ဖြစ်ပါတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့ ဒီစီမံကိန်းမှာ ဇိမ်ခံအိမ်ကြီးတွေ၊ ဖျော်ဖြေရေး အဆောက်အဦတွေ၊ ကုန်တိုက်နဲ့ ကာဆီနို လောင်းကစားရုံတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Ref: chiangraitimes

You may also like these stories:

ထိုင်းငှက်ပျောခြံတွင် အလုပ်လုပ်နေသည် မြန်မာအလုပ်သမားများ လစာမရ၍ တိုင်ကြား

ရန်ကုန်မြို့ပေါ်က တရုတ်ပြည်သစ်

မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ တရုတ်နိုင်ငံသား အများအပြား အဖမ်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading