အင်္ဂလန်နိုင်ငံက အမျိုးသားတဦးဟာ နှစ်သစ်ကူးညက ထိုင်းနိုင်ငံမှာ နှစ်သစ်ကြို မီးရှုးမီးပန်းဖောက်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံရဲဌာနက ပြောပါတယ်။
Gary McLaren လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ ဒီဇင်ဘာလ ၃၁ရက်နေ့က ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှာရှိတဲ့ ဘားတခုမှာ သူနဲ့ စေ့စပ်ထားတဲ့ အမျိုးသမီးနဲ့ အတူ နှစ်သစ်ကို ကြိုဆိုဖို့ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားဟာ သန်းခေါင်ယံကျော်ချိန်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲဌာနရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောပါတယ်။
“ည ၁၂ နာရီလောက်မှာ သူက မီးရှုးဖောက်ဖို့ ကြိုးစားခဲ့တာ။ မီးညှိပြီး မပေါက်တော့ အနီးကပ်သွားကြည့်တဲ့ အချိန်မှာ မီးရှုးက သူ့ရဲ့ မျက်နှာနားမှာ ပေါက်ကွဲသွားခဲ့တာဖြစ်တယ်။ အဲဒီအချိန်မှာပဲ သူပွဲချင်းပြီး သေဆုံးသွားခဲ့တာပါ”လို့ ဒေသခံရဲက ပြောပါတယ်။
ရဲတွေရဲ့ ပြောဆိုချက်အရ Gary McLaren ဟာ အင်္ဂလန်နိုင်ငံ Corby မြို့မှာ နေထိုင်သူဖြစ်ပြီး နှစ်သစ်ကူး မတိုင်ခင် ရက်ပိုင်းလေးအတွင်းမှာ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ LinkedIn ပရိုဖိုင်မှာ တင်ထားတဲ့ အရာတွေအရ သူဟာ နိုင်ငံတကာပြိုင်ကားအဖွဲ့ရဲ့ နည်းပညာရှင်တဦးဖြစ်တယ်လို့ သိရပါတယ်။
Suzuki MotoGP ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ သူ့ရဲ့ သေဆုံးမှုဟာ ဝမ်းနည်းပြီး ကြောက်စရာကောင်းကြောင်းနဲ့ သူ့ကို ဆုံးရှုံးရတာဟာ အဖွဲ့အတွင်း တန်ဖိုးရှိတဲ့ လူတဦးကို ဆုံးရှုံးရခြင်းဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။
Ref. BBC
You may also like these stories:
ငွေသား မပါတဲ့သူတွေကို We Chat အကောင့်ပြပြီး ပိုက်ဆံတောင်းတဲ့ တရုတ် အဘွားအို
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့နာမည် အကျော်ကြားဆုံး မော်ဒယ်အဖြစ် Kendall Jenner သတ်မှတ်ခံရ
အသက် ၇၀ အရွယ်မှာ ပန်းချီစဆွဲပြီး နိုင်ငံတကာထိ အောင်မြင်လာတဲ့ အိန္ဒိယ အဘွားအို