နီပေါနိုင်ငံမှာ သူ့ကို နီပေါမာသာထရီဆာလို့ တင်စားခေါ်လေ့ရှိပါတယ်။ လူတွေ တင်စားခေါ်ကြတဲ့အတိုင်း အဲဒီအဘွားအိုဟာ အမျိုးသမီးပေါင်း ၁၈,၀၀၀ ကျော်ကို လူကုန်ကူးခံရမှုကနေ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
အဘွားအိုရဲ့နာမည်ကတော့ Anuradha Koirala ဖြစ်ပြီး ခတ္တမန္ဒူမြို့မှာ ကျောင်းဆရာမအဖြစ် တာဝန် ထမ်းဆောင်နေသူတယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုလောက်ကတည်းက ပြည့်တန်ဆာလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးတွေကို လူကုန်ကူးမှုတွေကနေ ကယ်တင်နိုင်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်တွေမှာတော့ အဲဒီအဘွားအိုဟာ တောင်းရမ်းစားသောက်နေကြတဲ့ နီပေါနိုင်ငံရဲ့ အမျိုးသမီးတွေနဲ့ စတင်ဆုံဆည်းခဲ့ပါတယ်။ သူ ဆုံဆည်းခဲ့တဲ့ အမျိုးသမီးအများစုကတော့ မတရား လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီးတွေဖြစ်ကြောင်း သိရှိခဲ့ပြီးနောက်မှာတော့ လူကုန်ကူးခံနေရတဲ့ အမျိုးသမီးတွေကို ကယ်တင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ဆုံးဖြတ်ခဲ့တဲ့အတိုင်းလည်း နောက်ပိုင်းမှာ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။
သူ ဆုံတွေ့ခဲ့ရတဲ့ အမျိုးသမီးအများစုက ဆင်းရဲနွမ်းပါးမှုကြောင့် လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီးတွေပဲ ဖြစ်ကြပြီး စာမတတ်တဲ့လူတွေ များပါတယ်။ အမျိုးသမီးအများစုကတော့ ဆင်းရဲမှုကြောင့် မိဘ ဒါမှမဟုတ် မိသားစုဝင် တယောက်ယောက်က ရောင်းစားခဲ့ကြသူတွေဖြစ်တယ်လို့ အဘွားအိုက ပြောပါတယ်။
အခုဆိုရင်တော့ သူ့ရဲ့အသက်က ၇၀ ရှိခဲ့ပြီး ပြည့်တန်ဆာလုပ်ငန်းတွေမှာ လူကုန်ကူးခံနေရတဲ့ အမျိုးသမီးတွေကို ကယ်တင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ သူ့ရဲ့ အစီအစဉ်တွေထဲမှာ အမျိုးသမီးတွေအတွက် အသိပညာပေး အစီအစဉ်တွေပါသလို အမျိုးသမီးတွေ စာတတ်မြောက်ရေး အစီအစဉ်လည်း ပါဝင်ပါတယ်။
Ref: globalcitizen
You may also like these stories:
နှစ်သစ်ကူးကာလအတွင်း ထိုင်းလူမျိုး ၂ သန်းနီးပါး ပြည်ပခရီး ထွက်ခဲ့ကြ
ဂျပန်နိုင်ငံမှာ ချယ်ရီပန်းကြည့်ဖို့ အကောင်းဆုံး နေရာများ
သြစတြေးလျ တောမီးကြောင့် တိရစ္ဆာန်ကောင်ရေ သန်းနဲ့ချီ သေဆုံး