Trend

သြစတြေးလျ တောမီးလောင်မှုအတွင်း တိရစ္ဆာန်ပေါင်း ၉သောင်းကျော် ကယ်တင်ခဲ့တဲ့ မိသားစု

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျ တောမီးလောင်မှုဟာ လွန်ခဲ့တဲ့ ရက်တွေအတွင်းမှာ စိုးရိမ်ရတဲ့ အခြေအနေ ရောက်ရှိခဲ့ပြီး အခုအချိန်အထိ တောမီးလောင်ကျွမ်းမှုနဲ့ တောရိုင်း တိရစ္ဆာန် ကယ်တင်ရေး လုပ်ငန်းတွေကို အဖွဲ့ပေါင်းများစွာက ဆောင်ရွက်နေကြဆဲပါ။ အဲဒီအဖွဲ့ပေါင်းများစွာထဲက ဒဏ်ရာရ တိရစ္ဆာန်လေးတွေ အပါအဝင် တိရစ္ဆာန်ပေါင်း ၉ သောင်းကျော်ကို ကယ်တင်ထားနိုင်ခဲ့တာကတော့ Irwin မိသားစုပဲ ဖြစ်ပါတယ်။

Irwin မိသားစုဟာ အရင့်အရင်ကတည်းက တောရိုင်းတိရစ္ဆာန် ကယ်ဆယ်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးကို ပြုလုပ်နေကြသူတွေဖြစ်ပြီး Steve Irwin က ဦးဆောင်လှုပ်ရှားခဲ့ဖူးတာ ဖြစ်ပါတယ်။ သူတို့ ကယ်တင်ခဲ့တဲ့ ဒဏ်ရာရ တိရစ္ဆာန်တွေကိုတော့ တောရိုင်းတိရစ္ဆာန်တွေအတွက် သီးသန့်ထားရှိတဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Irwin မိသားစုပိုင်ဆိုင်ပြီး လုပ်ငန်းဆောင်တာတွေကို ခွဲဝေလုပ်ဆောင်နေတဲ့ တိရစ္ဆာန်ရုံထဲမှာပဲ ဆေးရုံကတည်ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ မရရအောင် ကယ်တင်မှာဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါသေးတယ်။

Irwin မိသားစုဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရာမှာ တက်ကြွတဲ့ အဖွဲ့အစည်းတခုအဖြစ် တည်ရှိနေပြီး Steve Irwin ဟာ “Crocodile Hunter” ဆိုတဲ့ တီဗီအစီအစဉ်တခုမှာ အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ တဦးပါ။ ၂၀၀၆ ခုနှစ် ရေကြောင်းပိုင်းဆိုင်ရာ မတော်တဆမှုတခုမှာ အသက်ဆုံးပါးခဲ့ရပြီး သူ မရှိတော့စဉ် အချိန်ကတည်းက Irwin မိသားစုဟာ တိရစ္ဆာန်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

စနေနေ့မှာတော့ တောမီးလောင်မှု ၃ ခု တပေါင်းတစည်းတည်း ဖြစ်သွားခဲ့တာကြောင့် တောမီးလောင်မှုအခြေအနေဟာ ပိုမိုမြင့်တက်ခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ နိုင်ငံပေါင်းစုံကနေ စုပေါင်းရောက်ရှိလာတဲ့  မီးသတ်သမားတွေနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး လုပ်ဆောင်သူတွေ အတူတကွ လုပ်ဆောင်နေကြပြီး လူပေါင်း ၂၄ ယောက်ထက်မနည်း သေဆုံးမှုများ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

Ref. moon-child.net

You may also like these stories:

ရန်ကုန်မြို့၌ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်မှုများကို ပြင်းပြင်းထန်ထန် အရေးယူတော့မည်

တောဆင်ရိုင်းတွေကို စောင့်ရှောက်ထားတဲ့ သီရိလင်္ကာနိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading