Trend

ပတ္တရားကမ်းခြေ လူမြင်ကွင်းမှာ လိင်ဆက်ဆံခဲ့တဲ့ ရုရှားစုံတွဲ ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားစုံတွဲ တတွဲဟာ ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေ လူမြင်ကွင်းမှာ လိင်ဆက်ဆံခဲ့ကြတဲ့ အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ရုရှားစုံတွဲဟာ အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Roman Grigorenko နဲ့ အသက် ၁၉ နှစ်အရွယ် Daria Vinogradova တို့ ဖြစ်ကြပါတယ်။

ရုရှားစုံတွဲကို ပြီးခဲ့တဲ့ စနေနေ့၊ ညနေ ၃ နာရီခွဲ အချိန်လောက်မှာ ဒေသခံရဲတပ်ဖွဲ့က ပတ္တရား ကမ်းခြေ လူမြင်ကွင်းမှာ လိင်ဆက်ဆံခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒဏ်ကြေးအနေနဲ့ တယောက်ကို ထိုင်းဘတ်ငွေ ၅ ထောင် ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ရုရှားစုံတွဲဟာ အရက်သေစာ သောက်စားထားတယ်လို့ သိရပြီး အခုဖြစ်ရပ်က နိုင်ငံတကာ အလယ်မှာ ပတ္တရားပုံရိပ်ကို ထိခိုက်စေတယ်လို့ ပတ္တရား ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ တပတ်အတွင်း ပတ္တရားကမ်းခြေမှာ အလားတူ ဖြစ်ရပ်မျိုး ၂ ကြိမ်ဖြစ်ခဲ့ပြီး ဒီတကြိမ်မှာတော့ ဒေသခံရဲတွေက ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။

ရုရှားစုံတွဲအနေနဲ့ ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေက အမြင့်ဆုံးဖြစ်ပြီး ဒီလိုလူမြင်ကွင်းမှာ လိင်ဆက်ဆံနေတဲ့ပုံကို ထိုင်းနိုင်ငံသားတယောက်က မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားနိုင်တဲ့အတွက် အခုလို ဖမ်းဆီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဖမ်းဆီးခံခဲ့ရပြီးနောက်မှာတော့ Pronhub တီရှပ်ဝတ်ဆင်ထားသူ Mr.Grigorenko က တောင်းပန်စကား ဆိုခဲ့ပေမယ့် သူဝတ်ဆင်ထားတဲ့ တီရှပ်အင်္ကျီကြောင့်ပဲ ထိုင်းနိုင်ငံမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ရပါတယ်။

Ref: Bangkokpost, thaiexaminer

You may also like these stories:

ထိုင်းနိုင်ငံ၌ လူကုန်ကူးခံရသူ အရေအတွက် စံချိန်တင်များပြားလာ

ရေရှားပါးမှုကြောင့် ပြည်သူများကို ရေလျှော့ချိုးဖို့ တိုက်တွန်းလိုက်တဲ့ ထိုင်းဝန်ကြီးချုပ်

နှစ်သစ်ကူးကာလအတွင်း ထိုင်းမှာ ယာဉ်မတော်တဆမှု ၂၅၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၂၅၆ ဦး သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading