Trend

လမ်းဘေးခွေး အကောင် ၁၃၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ၇ နှစ်သားအရွယ် ကလေး

စွန့်ပစ်ခံထားရတဲ့ ခွေးလေး၊ကြောင်လေးတွေကို ကယ်တင်ဖို့ဆိုတာ တိရစ္ဆာန်ချစ်သူတိုင်း ဖြစ်စေချင်တဲ့ စိတ်ဆန္ဒ တခုဖြစ်ပါတယ်။ ဒါကို အကောင်အထည်ဖော်ခဲ့သူကတော့ အသက် ၇ နှစ်နဲ့ ခွေးကလေး အကောင်ရေ ၁၃၀၀ ကို ကယ်တင်နိုင်ခဲ့တဲ့ ကလေးငယ်တယောက်ပါ။

Roman McConn လို့ ခေါ်တဲ့ အဲဒီကလေးငယ်ဟာ ငယ်ငယ်ကတည်းက သူ့ရဲ့မိခင် Jennifer နဲ့ အတူ တိရစ္ဆာန် လေးတွေကို ကယ်တင်ပေးတာ၊ မွေးစားတာတွေကို လုပ်လေ့ရှိပါတယ်။ ငယ်စဉ်ကတည်းက တိရစ္ဆာန်လေးတွေကို ချစ်တတ်ဖို့အတွက် ရင်းနှီးနေသူတယောက်ဆိုလည်း မမှားပါဘူး။

ရိုမန်လေး ၄နှစ်ပြည့်မွေးနေ့အရောက်မှာ သူ့ကို သူငယ်ချင်းတွေ၊ မိသားစုတွေ မွေးနေ့လက်ဆောင် ဘာလိုချင်သလဲလို့ မေးတဲ့အခါ တခြားအရာတွေအစား တက္ကဆက်ပြည်နယ်မှာရှိတဲ့ တိရစ္ဆာန်ဂေဟာကို အလှူအတန်းပြုလုပ်ဖို့ကိုပဲ တောင်းဆိုခဲ့ပါတယ်။

ငယ်ငယ်ကတည်းက စိတ်ကောင်းရှိတဲ့ ကလေးငယ်ဟာ အခု ၇နှစ်သားအရောက်မှာတော့ ဘယ်သူမှ မလိုချင်လို့ စွန့်ပစ်ထားတဲ့ ခွေးတွေ၊ လေလွင့်ခွေးလေး အကောင် ၁၃၀၀နဲ့ ကြောင်ကလေး အကောင် ၄၀ လောက်ကို ကယ်တင်ထားနိုင်ပြီ ဖြစ်ပါတယ်။

ရိုမန်ဟာ မိဘ၊ မိသားစုများရဲ့ အကူအညီနဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ အိမ်မှာ တနိုင်တပိုင် ကိုယ်ပိုင်ခြံနဲ့ ကျကျနန ခွေးလေခွေးလွင့်တွေကို ပြုစုပျိုးထောင်ထားပြီး ယဉ်ပါးအောင်လည်း လုပ်လေ့ ရှိတတ်တဲ့ ကလေးငယ်တယောက်ပါ။ ရိုမန် ကူညီကယ်ဆယ်ထားတဲ့ ခွေးလေးတွေကို မွေးစားဖို့ လာရောက်တဲ့သူ တွေလည်း များစွာလည်း ရှိပါတယ်။

ရိုမန်က “ သားအထင်တော့ ခွေးလေးတွေဟာ လှိုဏ်ခေါင်းတွေထဲမှာ ဖြစ်သလို နေရတဲ့ ဘဝထက်ပိုပြီး ထိုက်တန် ပါတယ် ” လို့ ပြောဆိုခဲ့ပါသေးတယ်။ သူရဲ့ အမေဖြစ်သူကလည်း ထိခိုက်ဒဏ်ရာရထားပြီး မသန်စွမ်းဖြစ်နေတဲ့ တိရစ္ဆာန်လေးတွေကို ကူညီစောင့်ရှောက်ဖို့အတွက် အဖွဲ့တခုကို တည်ထောင်ထားသူတယောက်ပါ။ ရိုမန်ကလည်း အဲဒီအဖွဲ့မှာ သူ့အမေနဲ့အတူ လုပ်အားပေးပါဝင်လေ့ရှိပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ ရိုမန်ဟာ တိရစ္ဆာန်လေးများကို ကာကွယ်ပေးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ASPCA အဖွဲ့က ပေးတဲ့ Kid of the Year ဆုကို ရရှိခဲ့ပါတယ်။ ရိုမန်ဟာ ခွေးကလေးတွေကို မွေးစားဖို့ လူရှာတဲ့ အခါမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ ဗီဒီယိုတွေကို ပြုလုပ်ပြီး ရှာဖွေလေ့ရှိတယ်လို့ သိရပါတယ်။

Ref;southernliving

You may also like these stories:

ဘာလီကျွန်းမှာ မျောက်သားပေါက်တွေ ရောင်းချပြီး ခရီးသွားတွေကို ဆွဲဆောင

သြစတြေးလျ တောမီးကြောင့် တိရစ္ဆာန်ကောင်ရေ သန်းနဲ့ချီ သေဆုံး

ကားတာယာဟောင်းတွေ သုံးပြီး တိရစ္ဆာန်တွေအတွက် အိပ်ရာ ပြုလုပ်ပေးတဲ့ ဘရာဇီး လက်မှုပညာရှင်

Loading