သြစတြေးလျတောမီးကြောင့် တောတွင်းတိရစ္ဆာန်တွေ သန်းနဲ့ချီသေဆုံးတာကို အားလုံးသိပြီးဖြစ်မှာပါ။ အဲဒီ သန်းနဲ့ချီတဲ့ တိရစ္ဆာန်တွေထဲကမှ သေဆုံးမှုအများဆုံးကတော့ သြစတြေးလျနိုင်ငံလို့ ပြောလိုက်တာနဲ့ တွဲမြင်လေ့ရှိတဲ့ ကိုအာလာ ဝက်ဝံလေးတွေပဲ ဖြစ်ပါတယ်။
ဒေသခံပတ်ဝန်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ တောမီးအတွင်းမှာ ကိုအာလာဝက်ဝံ အကောင်ရေ ၈၀၀၀ ခန့် သေဆုံးခဲ့ပြီး အရေအတွက်က နေ့စဉ်နဲ့အမျှတိုးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပြေးလွှားရခက်တဲ့ တိရစ္ဆာန်တွေ ဖြစ်တာကြောင့် တောမီးအတွင်းမှာ မီးလောင်သေဆုံးရတဲ့ ကိုအာလာဝက်ဝံလေးတွေ မျိုးတုန်းမှာကိုလည်း စိတ်ပူနေကြသူတွေရှိနေပါတယ်။
Port Macquarie လို့ အမည်ရတဲ့ ကိုအာလာဆေးရုံက ကိုအာလာဝက်ဝံတွေကို မွေးစားခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကိုအာလာဝက်ဝံများကို စောင့်ရှောက်ပေးနေတဲ့ အဲဒီဆေးရုံမှာ အခုဆိုရင် တောမီးဒဏ်ကို ခံခဲ့ရတဲ့ အခြားတိရစ္ဆာန်များလည်း ဆေးရုံတက်နေကြပါတယ်။
ကိုအာလာဝက်ဝံ မွေးစားခွင့်ကို တကမ္ဘာလုံးကို ပေးလိုက်တာဖြစ်ပြီး ဒီအစီအစဉ်က ရရှိမယ့် ငွေအားလုံးကိုလည်း တောမီးရန်ပုံငွေအတွင်း ထည့်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။ မွေးစားတဲ့ အခါမှာ ပုံစံ ၂မျိုးခွဲထားပါတယ်။
ပထမတမျိုးက သြစတြေးလျဒေါ်လာ ၄၀ (မြန်မာကျပ်ငွေ ၄၀,၀၀၀) ခန့်ကျသင့်မှာဖြစ်ပြီး မွေးစားခွင့်လက်မှတ်ကို အွန်လိုင်းကပေးအပ်မှာဖြစ်ပြီး နောက်တမျိုးကတော့ သြစတြေးလျဒေါ်လာ ၈၀ (မြန်မာကျပ်ငွေ ၈၀၀၀၀)ခန့် ကျသင့်ပြီး မွေးစားခွင့်လက်မှတ်ကို သင့်အိမ်အထိ ပို့ပေးမှာဖြစ်ပါတယ်။
မွေးစားသူရှိပြီးဖြစ်တဲ့ ကိုအာလာဝက်ဝံတွေကိုတော့ အပိုင်ပေးလိုက်မှာမျိုး မဟုတ်ဘဲ ပိုင်ရှင်ရဲ့ နာမည်နဲ့ အတူ စောင့်ရှောက်ပေးထားမှာ ဖြစ်တယ်လို့သိရပါတယ်။ အခုအချိန်မှာတော့ မွေးစားခွင့် လက်မှတ်ဝယ်ယူထားတဲ့ အလှူငွေစာရင်းဟာ သိန်း ၂၅၀ ကျော်ခန့်ရှိပြီဖြစ်ပြီး ဆေးရုံကတော့ သိန်း ၅၀,၀၀၀ အထိ ရရှိဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
ကိုအာလာ ဝက်ဝံလေးတွေကို အမည်ခံမွေးစားခွင့် မရတဲ့ သူတွေ အနေနဲ့လည်း ဆေးရုံရဲ့ GofundMe ပေ့ချ်မှာ အလှူငွေသွားရောက်ထည့်သွင်းနိုင်ပါတယ်။
Ref. worldofbuzz
You may also like these stories:
ဧည့်ပရိသတ်တွေ ရှေ့မှာ လက်ထပ်ပွဲ ကျင်းပခဲ့တဲ့ ခွေးစုံတွဲ
သြစတြေးလျ တောမီးလောင်မှုကြောင့် Koala ဝက်ဝံလေး လူးဝစ် သေဆုံး
မွေးစားမယ့်သူမရှိတဲ့ ခွေးလေးတွေကို ဘီယာဘူးမှာထည့်ပြီး ကြော်ငြာပေးတဲ့ ဘီယာကုမ္ပဏီ