Trend

သြစတြေးလျတောမီးကြောင့် နေအိမ် ဆုံးရှုံးသွားပေမယ့် ဒေါ်လာ ၁ သန်း ထီပေါက်ခဲ့တဲ့ အမျိုးသား

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျနိုင်ငံက တောမီးလောင်ကျွမ်းမှု အခြေအနေဟာ အခုအချိန်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အာရုံစိုက် စိုးရိမ်ပူပန်နေရတဲ့ အနေအထားတခုဖြစ်ပြီး တောမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရတဲ့ ပမာဏကလည်း တစထက်တစ ပိုမိုများပြားလာနေပါတယ်။

သြစတြေးလျနိုင်ငံက အမျိုးသားတဦးကတော့ အဆိုးထဲက အကောင်းတခုဖြစ်လာတယ်လို့ ပြောလို့ရအောင်ကိုပဲ သူတို့မိသားစု နေထိုင်တဲ့ နေအိမ်လေးဟာ တောမီးကြောင့် လုံးဝ ပြာကျ လောင်ကျွမ်းသွားခဲ့ပေမယ့် သူထိုးထားတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၁ သန်း ပေါက်ခဲ့တာပါ။

တောမီးကြောင့် လောင်ကျွမ်းပြာကျသွားတဲ့ နေအိမ်လေးကို ပြန်လည် တည်ဆောက်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ စိတ်ဓာတ်ကျ ဝမ်းနည်းနေချိန်မှာ မထင်မှတ်ထားဘဲ အခုလို အလှည့်အပြောင်းဖြစ်ခဲ့တာဟာလည်း မိသားစုဝင်တွေ အတွက်တော့ ဝမ်းသာစရာကိစ္စတခုပဲ ဖြစ်ပါတယ်။

နေစရာအိမ် မရှိရာကနေ သန်းကြွယ်သူဌေးဘဝကို တမုဟုတ်ချင်း ပြောင်းလဲခဲ့တဲ့ ဒီအဖြစ်အပျက်ကို လူတော်တော်များများကလည်း မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာပါ။

New South Wales Coast ဧရိယာမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပြီး သိပ်မကြာခင်သေးခင် ရက်ပိုင်းကမှ ဒေါ်လာ ၁ သန်း ထီပေါက်ခဲ့တာကြောင့် အခုဆိုရင်တော့ အရင်ကထက် ပိုမိုကောင်းမွန်တဲ့ နေအိမ်လေးကို ပြန်လည်တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။

တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်လေးတွေ အမြောက်အများ သေကြေ ပျက်စီးခဲ့ရသလို စစ်တမ်းတွေအရဆိုရင် လူနေအိမ်ပေါင်း ၂၀၀၀ ကျော်လည်း လောင်ကျွမ်းပြာကျခဲ့ရပါတယ်။

“နေအိမ်လေး မျက်စိရှေ့မှာတင် ပြာပုံဘဝကို ရောက်သွားရတဲ့ ခံစးမှုက ဘယ်လိုပြောပြရမှန်းကို မသိပါဘူး။ ပြန်ပြီးတည်ဆောက်ဖို့ ဆိုတာကလည်း ကိုယ့်အနေအထားနဲ့က အချိန်တော်တော်ကြာ ယူရဦးမှာလေ။ အခုလို မထင်မှတ်ဘဲ ထီလည်းထပေါက်ရော ဝမ်းသာမှုကတော့ အတိုင်းအဆ မရှိပါပဲ”လို့ ဒေါ်လာ ၁ သန်းထီပေါက်ခဲ့တဲ့ အမည်မဖော်လိုသူ အမျိုးသားက ဆိုပါတယ်။

Ref. www.dailymail.com

You may also like these stories:

ဗိုက်ဆာလို့ ဒေါ်လာ ၁၂၀၀၀၀ တန် အနုပညာ ဖန်တီးမှုကနေ ငှက်ပျောသီး ယူစားခဲ့တဲ့ အမျိုးသား

ထီဆုကြီးတွေ အကြိမ်ကြိမ် ပေါက်နေပေမယ့် ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ အမျိုးသား

Did you find apk for android? You can find new Free Android Games and apps.
Loading