အမေရိကန်ပြည်ထောင်စု၊ မစစ္စပီပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ထီလက်မှတ်မှာ ပေါက်ဂဏန်းတွေကို ကော်ကပ်ပြီး ဂဏန်းတွေကို ပြောင်းလဲကာ ငွေကြေးထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေသခံ ရဲဌာနက ပြောပါတယ်။
သူတို့ကတော့ အသက် ၄၇ နှစ်အရွယ် Odis Latham နဲ့ အသက် ၄၈နှစ်အရွယ် Russell Sparks တို့ဖြစ်ပြီး သူတို့ နှစ်ဦးကို ပြီးခဲ့တဲ့ တနင်္လာနေ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးလုံးဟာ ကိုလံဘတ်စ်က ထီရုံးကို လာပြီး လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အခြားထီလက်မှတ်က ဂဏန်းတွေကို ဖြတ်ညှပ်ပြီး ကော်နဲ့ကပ်ကာ လိမ်လည်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်းကို ထီရုံရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
သူတို့နှစ်ဦးဟာ အမေရိကန်ဒေါ်လာ ၁ သိန်းတန် ထီလက်မှတ်ကို အတုပြုလုပ်ခဲ့တာဖြစ်ပြီး ထီရုံ တာဝန်ရှိသူများက ချက်ချင်းရိပ်မိခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ သူတို့ကို Rankin ကောင်တီက ထောင်အတွင်းမှာ အချူပ်ချထားပြီး သူတို့ကျူးလွန်ခဲ့တဲ့ လိမ်လည်မှုအတွက် ဇန်နဝါရီ ၁၄ရက်မှာ တရားရုံမှာ စတင်စစ်ဆေးခြင်းကို ခံရမှာ ဖြစ်ပါတယ်။ Latham နဲ့ Sparks တို့ကို ကြီးလေးသော ပြစ်မှုကျူးလွန်သူများအဖြစ် တရားစွဲဆိုထားပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ ခန့် ငွေဒဏ်ချမှတ်ခံရဖို့ ရှိနေပါတယ်။
Latham ဆိုတဲ့ အမျိုးသားကတော့ မှတ်ပုံတင်အတု ပြုလုပ် အသုံးပြုခြင်းကြောင့် အမှုတိုးကာ တရားစွဲခံထားတယ်လို့ သိရပါတယ်။
Ref. metro, nbcnews
You may also like these stories:
ပတ္တရားကမ်းခြေ လူမြင်ကွင်းမှာ လိင်ဆက်ဆံခဲ့တဲ့ ရုရှားစုံတွဲ ဖမ်းဆီးခံရ
“အစ္စဏီ ထောင် ၇ နှစ်ကျတာ ဘာပုဒ်မနဲ့ ကျတာလဲ မသိသေးဘူး”လို့ ဦးရောဘတ်စန်းအောင် ပြော
သြစတြေးလျ တောမီးအတွက် ဝတ်လစ်စလစ်ပုံများကို ရောင်းချကာ ရန်ပုံငွေရှာခဲ့တဲ့ မော်ဒယ်