သြစတြေးလျ တောမီးလောင်ကျွမ်းမှုကြောင့် ဒုက္ခရောက်နေခဲ့ကြတဲ့ ကိုအာလာတွေကို ကယ်တင်ခဲ့တဲ့ ဗီဒီယို အတိုလေး တခုကို သြစတြေးလျနိုင်ငံသား ဆယ်ကျော်သက် နှစ်ယောက်ကနေ ပြန်လည် မျှဝေခဲ့ကြပါတယ်။
အဲဒီ ဗီဒီယို အတိုလေးမှာတော့ အန္တရာယ်တောထဲကို သူတို့ကားနဲ့ မောင်းဝင်သွားခဲ့ပြီး တောမီးလောင်မှုကနေ ကယ်တင်ဖို့ ကြိုးစားခဲ့တာကို မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။ ဒီဗီဒီယို အတိုလေးကိုတော့ Micah Lovegrove နဲ့ သူ့ရဲ့ ဦးလေး တော်စပ်သူတို့ ပြန်လည် မျှဝေခဲ့ကြတာဖြစ်ပြီး သားပိုက်ကောင်တွေနေတဲ့ ကျွန်းအနီးတဝိုက်မှာ ဒုက္ခရောက်နေတဲ့ ကိုအာလာ ၆ ကောင်ထက် မနည်း ကယ်တင်ခဲ့ကြတာပါ။
သားပိုက်ကောင်တွေ နေထိုင်ကျက်စားရာ ကျွန်းကတော့ သြစတြေးလျရဲ့ တောင်ဘက် ကမ်းရိုးတန်းမှာ တည်ရှိနေတာဖြစ်ပြီး သူ့ရဲ့ ဦးလေး ကိုယ်တိုင်လည်း အဲဒီကျွန်းတဝိုက်မှာ နေထိုင်သူဖြစ်တာကြောင့် ဆုံးရှုံးမှုတွေ ခံစားခဲ့ရသူတွေထဲက တယောက်ဖြစ်တယ်လို့ Lovegrove က ဆိုပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရချိန်မှာ Lovegrove ရဲ့ ဦးလေးဟာ မီးလောင်မှုကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ကိုအာလာ ၁ ကောင်ကို တွေ့လိုက်ရပြီး သူ့အနေနဲ့ သူတတ်နိုင်တာ ကူညီဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ပဲ သူတို့ တူဝရီး နှစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေ ကိုယ်ထူကိုယ်ထ ကယ်ဆယ်မှုလုပ်ငန်းဟာ အသက်ဝင်လာခဲ့ပြီး အခုအချိန်အထိ တတပ်တအား ဆက်လက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
သူ့ဦးလေးအနေနဲ့ တိရစ္ဆာန်လေးတွေကို ကယ်ဆယ်ပြီးတိုင်း Lovegrove လုပ်ဆောင်ရတာကတော့ သူတို့ရဲ့ အိမ်နီးနားချင်း တဦးလည်းဖြစ် တိရစ္ဆာန် စောင့်ရှောက်ခွင့်လိုင်စင် ကိုင်ဆောင်ထားသူတဦးဆီကို ပို့ဆောင်ပေးရတာ ဖြစ်တယ်လို့ Lovegrove က ဆိုပါတယ်။
သားပိုက်ကောင်တွေ ကျက်စားရာ ကျွန်းဟာ သီးခြားတည်ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် ကယ်ဆယ်ရေးတွေ ရောက်ရှိဖို့ ခက်ခဲတဲ့နေရာတခု ဖြစ်ပေမယ့် Lovegrove နဲ့ သူ့ဦးလေးကတော့ သူတို့ရဲ့ သနားကရုဏာနဲ့အတူ ကားတစီးကို မောင်းနှင်ရင်း လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။
Ref. truththeory.com
You may also like these stories:
ကိုအာလာ ဝက်ဝံတွေကို မွေးစားပြီး သြစတြေးလျတောမီး ရန်ပုံငွေ လှူဒါန်းနိုင်
သြစတြေးလျ တောမီးလောင်မှုကြောင့် Koala ဝက်ဝံလေး လူးဝစ် သေဆုံး
သြစတေးလျ တောမီးလောင်မှုမှာ ကိုအာလာ ဝက်ဝံတွေကို လိုက်လံ ရှာဖွေပေးခဲ့တဲ့ ခွေးလေး