Trend

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ စာရင်းထဲ ဗီယက်နမ် တက္ကသိုလ် ၈ ခု ပါဝင်

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံရဲ့ ပညာရေးစနစ် ပိုမိုကောင်းမွန်လာခဲ့ပြီးတော့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် တက္ကသိုလ် ၂၅၀၀ မှာ ဗီယက်နမ် တက္ကသိုလ် ၈ ခု ပါဝင်ခဲ့ပါတယ်။ ၂၀၁၉ – ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရဲ့ စာရင်းကို ရွေးချယ်ပေးခဲ့တာကတော့ တူရကီနိုင်ငံ ပညာရေးဆိုင်ရာ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်းက ဖြစ်ပါတယ်။

အဖွဲ့အစည်းရဲ့ ရွေးချယ်မှုအရ ၂၀၁၈ – ၂၀၁၉ မှာ အဆင့် ၉၆၀ ရှိနေတဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှ Ton Duc Thang တက္ကသိုလ်က အဆင့် ၄၆၂ အထိ တက်နိုင်ခဲ့ပြီး ဟိုချီမင်းမြို့မှာပဲ ရှိတဲ့ ဗီယက်နမ်အမျိုးသားတက္ကသိုလ်ကတော့အဆင့် ၁၁၀၇ ကနေ ၄၄၃ အထိ အဆင့် တိုးလာခဲ့ပါတယ်။

ဟနွိုင်းမြို့မှာရှိတဲ့ ဗီယက်နမ် အမျိုးသားတက္ကသိုလ်ကလည်း ယခင် အဆင့် ၁၁၈၁ ကနေ အဆင့် ၁၁၅၁ အထိ တိုးလာခဲ့ပါတယ်။ အဖွဲ့အစည်းက ရွေးချယ်ပေးထားတဲ့ စာရင်းအရ ဗီယက်နမ် ပညာရေးစနစ်က ပိုပြီးကောင်းမွန်လာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ စာရင်းမှာ ဗီယက်နမ် တက္ကသိုလ် ၈ ခု အထိ ပါဝင်နေရခြင်းပါ။

ဒီနှစ်စာရင်းထဲကို ပထမဆုံး စတင် ပါဝင်လာတဲ့ ဗီယက်နမ် တက္ကသိုလ်ကတော့ ဟိုချီမင်းမြို့မှာရှိတဲ့ Duy Tan တက္ကသိုလ်ဖြစ်ပြီး အဆင့်အနေနဲ့ ၁၁၄၇ မှာ ရှိနေပါတယ်။ ဟနွိုင်းမြို့မှာရှိတဲ့ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်က အဆင့် ၁၅၃၄ မှာရှိနေပြီး ဟနွိုင်း ဆေးတက္ကသိုလ်ကလည်း အဆင့် တိုးလာခဲ့ပါတယ်။

မဲခေါင်မြစ်ဝကျွန်းပေါ်မှာရှိတဲ့ Can Tho တက္ကသိုလ်က အဆင့် ၂၂၄၈ နေရာမှာ ရှိနေပြီး ဗီယက်နမ် အလယ်ပိုင်းမှာရှိတဲ့ Hue တက္ကသိုလ်ကတော့ အဆင့် ၂၃၈၇ နေရာမှာ ရှိနေပါတယ်။

မနှစ်က ရွေးချယ်ထားတဲ့ စာရင်းအရဆိုရင် ဗီယက်နမ်တက္ကသိုလ် ၇ ခုသာ စာရင်းထဲပါဝင်ခဲ့ပြီး ဒီနှစ်မှာ ၈ ခု ဖြစ်နေတဲ့အတွက် ၁ ခု တိုးလာတာကို တွေ့နိုင်ပါတယ်။ အခုလို တက္ကသိုလ်တွေရဲ့ အဆင့်ရွေးချယ်ရာမှာတော့ လွန်ခဲ့တဲ့ ၅ နှစ်ကထုတ်ဝေခဲ့တဲ့ သုတေသနပြုထားချက်တွေကို အခြေခံထားပါတယ်။

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေရဲ့ စာရင်းမှာ ထိပ်ဆုံးက ရှိနေတာကတော့ ဟားဗတ်တက္ကသိုလ်ဖြစ် ပါတယ်။

Ref: e.vnexpress

You may also like these stories:

သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့

ထီလက်မှတ်မှာ ပေါက်ဂဏန်းကို ကော်ကပ်ပြီး ငွေထုတ်ခဲ့တဲ့ အမျိုးသား နှစ်ဦး ဖမ်းဆီးခံရ

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲမှာ “Joker” မင်းသား Joaquin Phoenix အဖမ်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading