သြစတြေးလျ တောမီးလောင်မှုကို ထိန်းချူပ်လာနိုင်ပြီလို့ တောမီးကို ခြေကုန်လက်ပန်းကျအောင် မီးငြိမ်းသတ်မှုတွေ ပြုလုပ်နေတဲ့ မီးသတ်သမားတွေက ဇန်နဝါရီလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။
New South Wales ပြည်နယ်က မီးသတ်သမားများရဲ့ ပြောကြားချက်အရ ဆစ်ဒနီမြို့ အနောက်တောင်ဘက်မှာရှိတဲ့ Gospers တောင်တန်းဒေသမှာ ၃ လနီးပါးကြာ လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ထိန်းချူပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။
Gospers တောင်တန်းဒေသကို New South Wales ကျေးလက်ဒေသ မီးသတ်ဌာန အကြီးအကဲဖြစ်တဲ့ Shane Fitzsimmons က သွားရောက်ကြည့်ရှုခဲ့ပြီး နေရာအချို့မှာ မီးလောင်မှုကို အပြီးသတ် ထိန်းသိမ်းဖို့ ကျန်ရှိနေပေမယ့် မီးလောင်မှုကို ထိန်းချူပ်နိုင်မယ့် အလားအလာတွေကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
တောမီးလောင်မှုဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး နောက်ထပ် ဒါဇင်နဲ့ ချီတဲ့ နေရာတွေကို ထပ်မံ မီးငြိမ်းသတ်ဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ တောမီးကို ငြိမ်းသတ်ဖို့အတွက် နိုင်ငံတကာက ပရဟိတအဖွဲ့တွေ အပါအဝင် ကမ္ဘာကျော်များရဲ့ လှူဒါန်းမှုတွေနဲ့ ပါဝင်ကူညီမှုတွေ ရှိခဲ့ပါတယ်။
မီးလောင်မှု ဖြစ်ပွားတဲ့ နေရာတွေအနက် အခု ထိန်းချူပ်နိုင်ပြီဖြစ်တဲ့ New South Wales ပြည်နယ်မှာ မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပြီး မီးသတ်သမားများ အပါအဝင် လူ ၂၈ ဦးသေဆုံးပြီး တောရိုင်းတိရစ္ဆာန်များစွာလည်း မီးလောင် သေဆုံး ခဲ့ပါတယ်။
Ref. channelnewsasia
You may also like these stories:
သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့
သြစတြေးလျ တောမီးအတွင်းက တိရစ္ဆာန်တွေအတွက် စားစရာများ လေယာဉ်ပေါ်မှ ပစ်ချကျွေး
မေဇုန်တောမီးထက် ၅ဆ ပိုပြင်းထန်တယ်လို့ ဖော်ပြခြင်းခံရတဲ့ သြစတြေးလျတောမီး